Part-23

374 4 0
                                    

🍒အခန်း-၂၃🍒

ရတု ခေါင်းငိုက်စိုက်ကာ စိတ်ပျက်လက်ပျက်
ဖြင့်  အိမ်ပေါ်ထပ်သို့တက်လာလိုက်ခဲ့သည်။
ညီမလေးအခန်းကိုကြည့်လိုက်တော့ တိတ်ဆိတ်
နေတာကြောင့် အိပ်နေလောက်သည်ဟုတွေးပြီး
အခန်းထဲသို့ဝင်လာခဲ့လိုက်လေသည်။

"ဟူး.........."

စိတ်ပြစ်လက်ပြစ် မွေ့ယာပေါ်သို့ထိုင်ချ
လိုက်ရင်း သက်ပြင်းတွေချနေမိတာလဲ
အခါခါပင်။အရင်လို တိုင်ပင်စရာမာမီလည်း
မရှိတော့ အလိုလိုအားငယ်ရတာတော့အမှန်ပဲ။

"သတိရလိုက်တာ မာမီရယ်...."

တိုးလျစွာရေရွက်လိုက်ရင်း အသံကတော့
သိသိသာသာတုန်ယင်နေလေသည်။ဘယ်လောက်ပဲပြည့်စုံနေပါစေ မိမရှိဖမရှိ
ခံစားချက်က တကယ်ပြောမပြတတ်အောင်ပင်
သိမ့်ငယ်ရသည်။

"ဝုန်း......."

ရတု အတွေးလွန်နေစဥ် ပြတင်းပေါက်က
လိုက်ကာစက လေမတိုက်ပဲလွှင့်နေသလို
အကြောင်းမဲ့ဘီဒီရိုပေါ်က နာရီက
ကုတင်ဘေးနားက အလုပ်စားပွဲပေါ်သို​့
ပြုတ်ကျလာလေသည်။

အကြောင်းမဲ့စွာပြုတ်ကျလာသည့်
ထိုနာရီလေးကို ရတု ကောက်ယူကြည့်လိုက်တော့ ဘေးနားကနေယှက်ထိသွားသည့်
အရာလေးတစ်ခု။ပြုတ်ကျသွားသည့်
နာရီလေးထက် ဘေးကအရာလေးကို ရတု
ပိုအာရုံကျသွားလေသည်။

"ဟင် ကလစ်လေးပါလား....."

ကလစ်ကိုသေချာကြည့်လိုက်တော့မှ မေ
အမြဲညှပ်လာနေကျကလစ်လေးနှင့်ဆင်တူ
နေသလို တစ်ဆက်တည်းမှာပင် ဒီကလစ်လေးက မေမေ၏လက်ထဲမှာကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားခဲ့သည့် နောက်ဆုံးပစ္စည်းလေးပင်။

ရတု ဆက်စပ်တွေးကြည့်လိုက်လျှင်
ဒီကလစ်ကရော ဘာကြောင့်မေမေ့လက်ထဲမှာ
ရှိနေတာလဲ။ပြီးတော့ ဒီကလစ်က မေ အမြဲပန်
နေကျကလစ်နဲ့ဆင်တူနေရတာလဲ။ရတု အတွေး
များစွာဖြင့် အလိုလိုတုန်လှုပ်လာလေသည်။
မေမေ့သေဆုံးမှုကရော သွေးရိုးသားရိုး
ဟုတ်ရဲ့လား။ရဲမှူးပြောသလို ညီမလေးကရော
လုပ်ကြံထားခြင်းခံထားရတာလား။

"ကျစ်....ဟာကွာ...."

ရှုပ်ယှက်ခတ်နေသည့်အဖြေကိုရှင်းထုတ်ရန်
အတွက် နည်းလမ်းတစ်ခုတည်းသာရှိတော့
သည်။အဲတာကတော့ ဒီကလစ်က မေ
အသုံးအဆောင်ပစ္စည်း ဟုတ်မဟုတ်စုံစမ်းရတော့မည်ပင်ဖြစ်သည်။

မာနပြိုင်မျဥ်း season-1(Complete)Where stories live. Discover now