🍒အခန်း-၃🍒
ရတု ဒီနေ့ဒယ်ဒီ၏ကုမ္ပဏီကိုသွား၍
ဦးစီးဦးဆောင်လုပ်ရန်ဆုံးဖြတ်ထားကာ
ကုမ္ပဏီကလဲ ဒယ်ဒီဆုံးကတည်းက
ပစ်ထားတာကြာပြီးဖြစ်၍ အခုဆို
ကုမ္ပဏီမှာလက်မှတ်ထိုးပေးရန်အတွက်
CEOတစ်ယောက်ရှိမှ အဆင်ပြေမည်
မဟုတ်လား။ရတု အတွေးလေးနှင့်အတူတူ ကားပါကင်မှာ ကားလေးအားထိုးရပ်၍ကုမ္ပဏီ၏အပေါ်ထပ်က meetingခန်းထဲသို့တန်းလာလိုက်ပေသည်။
"ကျွီးးးး....."
ရတု meetingခန်းထဲဝင်လိုက်တော့
အားလုံးကလူစုံညီစွာဖြင့် ဖြစ်နေလေသည်။
ရတု meetingထိပ်က ထိုင်ခုံမှာဝင်ထိုင်လိုက်ရင်း ရှယ်ယာရှင်တွေကိုတစ်ချက်ကြည့်ကာ..."ကျွန်တော်နာမည် ရတုပိုင်
ဒီကုမ္ပဏီကို ရှေ့ဆက်ကျွန်တော်ပဲ
ဦးစီးသွားမှာမို့လို့ ကျွန်တော်နဲ့အတူတူ
ကြိုးစားပေးပါဦး....."ရတု သူ့ပြောလိုက်တာကို ဘာမှမတုံ့ပြန်
လာပဲ အားလုံးကတီးတိုးတီးတိုးနှင့် ဖြစ်သွား
တာကြောင့် မျက်ခုံးလေးကျုံ့လိုက်မိသည်။"CEOက ရွေးပြီးသားပါ......"
ထိုစကားသံနှင့်အတူတူ meetingခန်းထဲကို
ဝင်လာသည့် မိန်းမကို ရတု သေချာကြည့်နေမိသည်။ဆံပင်ကောက်ကြီးနှင့် နားကပ်
ဝိုင်းဝိုင်းကြီးက အကျည်းတန်စွာနေရာယူထားသလို ကိုယ်ချပ်စကပ်ကြီးနှင့် လုံးဝကို
ကလက်တက်တက်နိုင်ပေသည်။္"တကယ်လို့ ရှင်ဦးစီးချင်တယ်ဆိုရင်
ဒီနေရာရဲ့ဘုတ်အဖွဲ့ဝင်ရဲ့အမြင်နဲ့
ွငါရဲ့အမြင်ကို မင်းအရင်မေးရမယ်
ဘာလို့လဲဆိုတော့ ငါ့ဒီကုမ္ပဏီရဲ့
အဆောက်အဦးပိုင်ရှင်ဖြစ်နေလို့ပဲ.....""ဘယ်လို...မင်းကဘယ်သူလဲ...."
"ကျွန်မနာမည်က ရေဗက္ကာ...
ဒါဆိုရင်တော့ ဘယ်သူလဲ
သိလောက်မှာပါ....."ရတု ထိုနာမည်ကြောင့် ထိုင်ခုံကနေ
ထလိုက်ရင်း ထိုမိန်းမကိုကြည့်နေမိသည်။
ဟိုတနေ့က သူ့သွားပြောခဲ့သည့်မိန်းကလေး
မဟုတ်၍ ဧကန် သူ့လူမှားပြောခဲ့တာလား။
ဒါဆို ဒီမိန်းမကမှဒယ်ဒီရဲ့အငယ်အနှောင်း
ပေါ့လေ။ရတု အံကိုတင်းကနဲ ကြိတ်လိုက်ရင်း
YOU ARE READING
မာနပြိုင်မျဥ်း season-1(Complete)
Fantasyငယ်စဥ်ကတည်းက မိဘတွေမရှိတော့၍ အစ်မဖြစ်သူနှင့်ဘဝကို ရုန်းကန်လာခဲ့ရသည့် သနားစရာ အက်စတာလေး။ ငွေကြေးချမ်းသာသော်လည်း ဖခင်၏ဖောက်ပြန်မှုကြောင့် ဖခင်ကိုရောစိတ်နာသလို ဖခင်နှင့်ပတ်သတ်သည့် အငယ်အနှောင်းကိုပါ မုန်းတီးနေသည့် ရတုပိုင်။ ရတုပိုင်၏ဖခင်ဖြစ်သူ နောက်မီးလ...