Part-17

492 4 0
                                    

🍒အခန်း-၁၇🍒

အိမ်ရှေ့မှာရောက်လာသည့် လူနာတင်ယာဥ်
ကြောင့် အက် အံအားသင့်ခဲ့ရသလို ထပ်မံ
သိရှိလိုက်ရသည့်သတင်းကြောင့် လူကိုပင်
ခဏရှော့ဖြစ်စေခဲ့သည်။အန်တီခေမာဆုံးပြီးတဲ့လားလေ။ဒီခံစားချက်ကြီးကို အက် ကောင်းကောင်း နားလည်နေတာမို့ အခုချိန်မှာ
မီးလေးအတွက် စိတ်အပူဆုံးပင်။

မီးလေး သတိရလာပြီးပြောကတည်းက
ဆေးရုံကိုအပြေးသွားချင်နေခဲ့သော်လည်း
ရတုက သူမအပေါ်မှာအထင်လွှဲအမြင်လွှဲနေတာ
ကြောင့် အက် သွားချင်စိတ်ကိုမနဲ ထိန်းချုပ်ခဲ့ရလေသည်။

ဒေါ်ထားတို့အိမ်အကူအဖွဲ့တွေ အန်တီ
ခေမာ၏စျာပနအတွက် အလုပ်ရူပ်နေကြသလို
အက်လည်း တတ်နိုင​်​သည့်ဘက်ကနေ
လုပ်ပေးနေလိုက်လေသည်။

"အီး....ဟီး....မမကြီးရယ်....
အသေစောလိုက်တာ ဒေါ်ထားတို့ကိုရော
အကိုလေးတို့မောင်နှမကိုရော စိတ်ချလက်ချနဲ့
ထားခဲ့ပြီးလား......."

ဒေါ်ထားက လူသေအလောင်းဖြစ်နေသည့်
အန်တီခေမာကိုအကျီလဲတွေလဲပေးရင်း
တီးတိုးလေးငိုနေရှာသည်။ဒေါ်ထားကငိုတော့
အက်လည်း အလိုလိုနေရင်းမျက်ရည်တွေဝဲတက်လာပေသည်။

"ဟင်......အမလေးးးးး"

ဒေါ်ထားနှင့်အတူတူ အက်ပါ အန်တီခေမာ၏
အလောင်းကိုအကျီကူလှဲပေးနေစဥ်
အန်တီခေမာက ဆက်ကနဲ မျက်လုံးပွင့်လာတာ
ကြောင့် အက် အထိတ်တလန့်ဖြစ်သွားရသည်။

ဒေါ်ထားကလည်း အက်၏အာမေဠိတ်သံ
ကြောင့် အက်ကိုကြည့်ကာ ဘာဖြစ်တာလဲဆို
သည့်မျက်နှာထားကြောင့် အက်လည်း
အန်တီခေမာ၏ရုပ်အလောင်းကို မေးငေါ့ပြလိုက်ရင်း......

"အလောင်းက မျက်လုံးကြီးပွင့်လာလို့....."

"အကြောတွေဘာတွေ နှိပ်မိသွားလို့
မျက်လုံးပွင့်တာ ဖြစ်မှာပါ....."

ဒေါ်ထားက ထိုသို့ဆိုပြီး အန်တီခေမာ၏
ရုပ်အလောင်းမျက်လုံးကို လက်လေးဖြင့်
အသာမှိတ်ချလိုက်လေသည်။ဒေါ်ထားပြောသလို အကြောတွေနှိပ်မိရအောင်လည်း
အက်က အကျီလေးပဲကိုင်ထားသလို ဒေါ်ထား
ကလည်း အလောင်းဘေးနားမှာ ဘာမှမလုပ်ပဲ
ငိုနေသည်မဟုတ်လား။

မာနပြိုင်မျဥ်း season-1(Complete)Where stories live. Discover now