Part-13

475 3 0
                                    

🍒အခန်း-၁၃🍒

ရတု ခွဲစိတ်ခန်းရှေ့တွင် ရှေ့လျှောက်လိုက်
နောက်လျှောက်လိုက်နှင့် ဂဏမငြိမ်ဖြစ်ကာ
ညီမလေးဖြစ်သူ၏အခြေအနေကိုစိုးရိမ်နေရတာတော့ အမှန်ပင်။ဓားဒဏ်ရာက သိပ်မနက်ပေမဲ့ အခုချိန်မှာအပူလုံးကြီး မကျတာတော့
အမှန်ပင်။

"သား......"

"ဟင်...မာမိီ..."

"သား...မီးလေး အခြေအနေ
ဘယ်လိုရှိလဲ.... "

"ဒေါက်တာပြောတာတော့ အသက်အန္တာရယ်
စိုးရိမ်စရာတော့မရှိပါဘူးတဲ့.... "

ဒေါ်ခေမာ သားဖြစ်သူ၏စကားကြောင့်
စိတ်အေးသလိုလေး ေခါင်းငြိမ့်လိုက်ရင်း
ညီမဖြစ်သူအတွက် စိုးရိမ်နေရှာသည့်
သားဖြစ်သူကိုတစ်ချက်ကြည့်ရင်း.....

"သား....မာမီတို့အခုကိစ္စကို ဘယ်လိုလုပ်ကြမလဲ
အမှုဖွင့်ကြမလား မာမီကတော့
အမှုမဖွင့်ချင်ဘူးကွယ်....."

"ဟာ...မာမီကလဲ အမှုမဖွင့်လို့ရမလား
ဒါက ဓားထိုးမှု ရာဇဝတ်မှုမြောက်တယ်..."

"ဟုတ်တာက ဟုတ်ပါတယ်...
ဒါပေမဲ့...သား...မာမီကတော့....
တိုးတိုးတိတ်တိတ်ပဲ ဖြေရှင်းချင်တယ်
ပြီးတော့ သားညီမနဲ့ပတ်သတ်ပြီး
သားကိုပြောစရာရှိတယ်...."

"တော်တော့...မာမီ ဘာအကြောင်းတွေပဲ
ဖြစ်ဖြစ် ကျွန်တော်ဂရုမစိုက်ဘူး....
အခုကိစ္စမှာလည်း ဟိုရေဗက္ကာဆိုတဲ့မိန်းမရဲ့
စနက်လဲ ဖြစ်နေနိုင်တာမို့ ကျွန်တော်ကိုယ်တိုင်
စုံစမ်းမူတွေ လုပ်မှာ......"

"သား...မာမီပြောတာကို
အရင်ဆုံးနားထောင်ပါဥိီး....."

သားမိနှစ်ယောက် တိုးတိုး တိုးတိုးနှင့်စကား
အတင်အခြေဖြစ်နေချိန် ခွဲခန်းထဲကနေ
ထွက်လာသည့် ဒေါက်တာကိုတွေ့တော့
စကားစပြတ်သွားလေသည်။

ရတု မာမီနှင့်စကားပြောနေရင်း ခွဲခန်းထဲက
ထွက်လာသည့် ဒေါက်တာဆီပြေးသွားလိုက်ရင်း

"ဒေါက်တာ....ကျွန်တော့်ညီမလေး
အ​ခြေအနေ ဘယ်လိုရှိလဲ.... "

"ဟုတ်ကဲ့..ခွဲစိတ်မှု အောင်မြင်ပါတယ်
လူနာက စိုးရိမ်စရာမရှိတော့ပါဘူး......
ခဏနေရင် လူနာကိုVIPအခန်းထဲ
ရွှေ့လို့ရပါပီး...ခဏနေရင် နပ်စ့်တွေ
ရွှေ့ပေးပါလိမ့်မယ်......"

မာနပြိုင်မျဥ်း season-1(Complete)Where stories live. Discover now