🍒အခန်း-၁၆🍒
"တင်...."
အရေးပေါ်ခွဲခန်းတံခါးပွင့်သွားသည့်နှင့်
အရင်ဆုံးထွက်လာသည့် ဒေါက်တာနားဆီသို့
ရတု ပြေးသွားလိုက်ရင်း........"ဒေါက်တာ ကျွန်တော့်အမေ
အခြေအနေဘယ်လိုရှိလဲ......"ရတု အားကိုးတကြီးနှင့်မေးလိုက်သော်လည်း
မျက်နှာ ကွက်ကနဲပျက်သွားသည့် ဒေါက်တာပုံစံကြောင့် အားမလိုအားမရ ဖြစ်သွားမိလေသည်။ဒေါက်တာဦးစိန်အောင် ခေါင်းလေးခါယမ်းကာ
ချွေးပျံနေသည့်မျက်နှာလေးအား လက်လေး
ဖြင့်သုတ်လိုက်ရင်း......"လူနာက အသက်မရှိတော့ပါဘူး.....
ကိုရတု ""ဗျာ!!!.....ဟာ မဖြစ်နိုင်တာ
အစောနကမှ ကျွန်တော်နဲ့စကားတွေ
ပြောေနခဲ့တာလေ........ မယုံဘူး
ကျွန်တော်ကိုယ်တိုင်မြင်ရမှ ယုံမှာ....."ရတု လက်မခံနိုင်သည့်စိတ်ဖြင့်ခေါင်းယမ်းနေရင်း ခွဲခန်းထဲသို့ဇွတ်တိုးဝင်မယ်လုပ်စဥ် မေမေ၏အလောင်းကိုလူနာတင်တွန်းလှည်းဖြင့်
ဆွဲထုတ်လာလေသည်။ရတု အဖြူရောင်ပိတ်စအုပ်ထားသည့်
မေမေ၏အလောင်းကိုအတည်ပြုဖို့အတွက်
ဆွဲလှပ်ရန် လက်တွေကအလိုလိုလေးလံနေမိသည်။ဘာကြောင့်လဲ ဒါတွေဟာအမှန်တရား
လား လုံးဝလက်မခံနိုင်ဘူးဟု ရတု
စိတ်တွေခြောက်ခြားစွားတွေးနေတုန်း
ဘယ်ကမှန်းမသိတိုက်လာသည့်
လေစိမ်းတွေကြောင့် မာမီ၏အလောင်း
ကိုယ်ပေါ်ကပိတ်စက အလိုလိုလျော့
ကျသွားလေသည်။"ဟင်!...."
"ဟာ........မဟုတ်ဘူး......."
ဆေးရုံဝတ်ဆုံလေးဖြင့် အသက်မဲ့စွာလဲနေသည့်မေမေ၏မျက်နှာက မာထန်နေသလိုပင်။
ပိုက်ဆံချမ်းသာပါလျှက်နဲ့ ဒယ်ဒီကြောင့်
တစ်ချိန်လုံးစိတ်ဆင်းရဲနေခဲ့ရသလို အခု
မာမီကိုစိတ်ချမ်းသာအောင်ထားမယ်လို့
သူဆုံးဖြတ်ထားပြီးခါမှ မာမီက အသက်မရှိ
တော့ဘူးတဲ့လား။"မာမီရယ် အသေစောရလား...
ဘာလို့ မာမီကျမှ လောကကြီးက
တမင်ရက်စက်နေရတာလဲ.......
ထပါဦး မာမီရဲ့...ကျွန်တော်နဲ့စကားတွေ
ပြောပါဦး......ဒီလိုမှန်းသိရင် ကျွန်တော်
အိမ်မပြန်ခဲ့ပါဘူး......."
YOU ARE READING
မာနပြိုင်မျဥ်း season-1(Complete)
Фэнтезиငယ်စဥ်ကတည်းက မိဘတွေမရှိတော့၍ အစ်မဖြစ်သူနှင့်ဘဝကို ရုန်းကန်လာခဲ့ရသည့် သနားစရာ အက်စတာလေး။ ငွေကြေးချမ်းသာသော်လည်း ဖခင်၏ဖောက်ပြန်မှုကြောင့် ဖခင်ကိုရောစိတ်နာသလို ဖခင်နှင့်ပတ်သတ်သည့် အငယ်အနှောင်းကိုပါ မုန်းတီးနေသည့် ရတုပိုင်။ ရတုပိုင်၏ဖခင်ဖြစ်သူ နောက်မီးလ...