🍒အခန်း-၇🍒
"ဒေါက်......ဒေါက်... "
"အကိုလေး ကျွန်တော် အာကာပါ....."
"အင်း ဝင်ခဲ့ "
အာကာ အကိုလေးအခန်းထဲဝင်လိုက်စဥ်
ရေချိုးဝတ်ဆုံကိုဝတ်ပြီး ဆိုဖာမှာထိုင်ကာ ဆေးလိပ်သောက်နေသည့် အကိုလေးပုံစံက
ယောကျာ်းချင်းတောင် ငေးယူရတဲ့အထိပင်။စူးရှသည့်မျက်လုံး ထူပြီးနက်မှောင်သည့်
မျက်ခုံး ချွန်မြသည့်နှာတံ ပိရိသေသပ်သောနှုတ်ခမ်း ရှည်လျားသောအရပ်အမှောင်
တောင့်ဖြောင့်သောခန္ဒာကိုယ် အသားအရည်ကဖြူတာလည်းမဟုတ် ညိုတာလည်းမဟုတ်နှင့်ဝင်းသောဘက်ကိုရောက်နေပြီ အားလုံးကြည့်လိုက်လျှင် အလွန်ချောပြီး ယောင်္ကျားပီသသော အကိုလေးဟုပြောရမည်။ဒါတင်မကသေးပေ စီးပွားရေးလုပ်ရာတွင်လည်း တိကျပြတ်သားပြီး စီးပွားရေးဘုရင်
ရတုပိုင်ဆိုတာနှင့်အကုန်လုံးက ရိုေသကြောက်ရွံ့ပြီးသားပင်။"ဟေ့ကောင်...မင်းဒီအတိုင်းပဲရပ်ပြီး
ငါ့မျက်နှာဘဲ ကြည့်နေတော့မှာလား......."အကိုလေး၏ခပ်ငေါက်ငေါက်စကားသံကြားမှ
အာကာ ကပျာကရာနှင့်......."အယ် ....ဗျာ...ဟို ကျွန်တော် အကိုလေးကို နိုင်ငံတကာရုံးခွဲက မန်နေဂျာတွေနဲ့ Meeting လုပ်ဖို့အချိန် ရောက်တော့မှာမို့လာပြောတာပါ..."
"အိုကေ စာရွက်စာတန်းတွေ
အဆင်သင့်ဖြစ်ပြီလား......""ဖြစ်ပါပြီ အကိုလေး......."
ရတု လက်ကနာရီကို တစ်ချက်ကြည့်လိုက်ပြီး
ခေါင်းငြိမ့်ပြ၍........"မိနစ်နှစ်ဆယ်လိုသေးတယ်...
နောက်ငါးမိနစ်နေရင် အောက်ဆင်းခဲ့မယ်.......""ဟုတ်ကဲ့ မနက်စာလည်း
အဆင်သင့်ပြင်ထားလိုက်ပါမယ် အကိုလေး...''"အင်း........"
အခန်းပြင်ထွက်သွားသည့် အာကာ
ကျောပြင်ကိုကြည့်လိုက်မိသည်။
အာကာက သူ့၏အားထားရသော
လူယုံလို့ပြောရပေမည်။အလုပ်လုပ်တဲ့နေရာမှာ သူ့လိုပဲ ပြတ်သားပြီးတော်သည့်အတွက် ရတု
သူ့၏လက်ရုံးအဖြစ် ထားထားခြင်းဖြစ်သည်။
YOU ARE READING
မာနပြိုင်မျဥ်း season-1(Complete)
Фэнтезиငယ်စဥ်ကတည်းက မိဘတွေမရှိတော့၍ အစ်မဖြစ်သူနှင့်ဘဝကို ရုန်းကန်လာခဲ့ရသည့် သနားစရာ အက်စတာလေး။ ငွေကြေးချမ်းသာသော်လည်း ဖခင်၏ဖောက်ပြန်မှုကြောင့် ဖခင်ကိုရောစိတ်နာသလို ဖခင်နှင့်ပတ်သတ်သည့် အငယ်အနှောင်းကိုပါ မုန်းတီးနေသည့် ရတုပိုင်။ ရတုပိုင်၏ဖခင်ဖြစ်သူ နောက်မီးလ...