Part-12

485 4 0
                                    

🍒အခန်း-၁၂🍒

"ပိုက်ဆံ၁၀သိန်းနဲ့အတူတူ ကိုကိုဆီ
အခုချက်ခြင်းလာခဲ့ပါ ......ကားပါကင်မှာ
ကိုကိုစောင့်နေမယ်......"

မမအက်ပေးလာသည့်စာရွက်ပိုင်းလေးကို
ဖတ်ပြီး မီးလေးလက်တွေသိသိသာသာ
တုန်ယင်လာကာ....ငွေ၁၀သိန်းတဲ့ အခုချိန်
မီးလေးဆီမှာဘယ်လိုလုပ်ရှိမှာလဲဆိုသည့်
အတွေးနှင့်အတူတူ.......

"မမအက် မီးလေးနဲ့အတူတူ
ကားပါကင်နား ခဏလိုက်ခဲ့ပေးပါလား...."

"ကားပါကင်နား ဟုတ်လား
ခဏနေရင် မွေးနေ့ကိတ်ခွဲတော့မှာလေ...."

"ဟုတ်ပါတယ် မမအက်ရဲ့....
ခဏလေးပါပဲနော် အပြင်မှာ
ကိုကိုစောင့်နေလို့ပါ....."

ကိုကိုဆိုသည့်အသုံးအနှုန်းကြောင့် အက်
မီးလေး၏ချစ်သူမှန်းရိပ်စားမိလိုက်သလို
အခုချိန်မှာ မီးလေး၏အမေက ပြင်းပြင်းထန်ထန်ကန့်ကွက်နေတာကြောင့်
အစကတည်းက အက်တို့ကိုမကြည်ဖြူရ
သည့်ကြားထဲ အခုလိုအဖော်လိုက်ပေးတာပါ
သိရင် အပြစ်တင်ခံရမှာကြောက်သည့်စိတ်ဖြင့်..

"အို...မီးလေးရယ်...ဖြစ်ပ့ါမလား
အန်တီသိရင် မမကိုပြောနေဦးမယ်
အစကတည်းက မမတို့ကို အန်တီက
သိပ်ကြည်ဖြူတာမဟုတ်ဘူးရယ်......"

"မမအက်ရယ် မီးလေးကိုကူညီပါနော်...
မီးလေးမှာ တ​ခြားအကူညီတောင်းစရာ
လူလဲမရှိလို့ပါ......နော်...."

မျက်နှာငယ်လေးနှင့်ပြောလာသည့် မီးလေး
ပုံစံကြောင့် အက် သက်ပြင်းယဲ့ယဲ့လေးချလိုက်မိသည်။မီးလေးကို သူမချစ်သည့်အတွက်
မီးလေးမျက်နှာညိုးနေတော့ မနေတတ်စွာ
ဖြစ်ရသဖြင့် အက် ခေါင်းလေးငြိမ့်ပြလိုက်ရင်း

"အင်း...ဒါပေမဲ့ အကြာကြီး
မရဘူးနော်.... "

"အင်းပါ အင်းပါ မမရဲ့...
မီးလေးမကြာပါဘူး...."

ထိုသို့ပြောပြီး အက် လက်ကိုဆွဲခေါ်ရင်း
မီးလေးရောအက်ပါ ဒေါ်ခေမာနှင့်
ရတုအခြေအနေကိုကြည့်ကာ ကားပါကင်ဆီသို့ ထွက်လာခဲ့သည်။ကားပါကင်တွင်
မီးရှိတော့လည်း တစ်ချို့နေရာတွေက
အမှောင်ကျနေ၍ အက်တောင်
ကျောစိမ့်သွားရပေသည်။

မာနပြိုင်မျဥ်း season-1(Complete)Where stories live. Discover now