🍒အခန်း-၂၄🍒
"ဒါဆို အကိုလေးနဲ့မအက်စတာနဲ့က
မှားခဲ့ကြတာပေါ့ ဟုတ်လား.......
မမမေကိုရော အကိုလေး ဘယ်လိုပြောမှာလဲ...""မေကို ငါ အမှန်အတိုင်းဖွင့်ပြောမှာပါ
ပြီးတော့ အခုချိန်မှာ ေမရဲ့ဒယ်ဒီ
အန်ကယ်ဦးဘုန်းသိုက်နဲ့ပတ်သတ်ပြီး
သံသယဝင်စရာတွေက များနေတာရယ်
သင်္ကာမကင်းစရာတွေလည်း မေမှာရှိနေတဲ့
အတွက် ဒီအတိုင်းနှုတ်ဆိတ်နေရဦးမယ်.....""မသင်္ကာစရာ ဟုတ်လား အကိုလေး....."
"အင်း ဟုတ်တယ် အာကာ.....
မာမီရဲ့သေဆုံးမှုနောက်ကွယ်မှာ ေမက
ပါဝင်ပတ်သတ်နေတယ်လို့ ငါ့စိတ်ထဲမှာ
အလိုလိုခံစားမိနေတယ် ပြီးတော့ ညီမလေးရဲ့ပုံစံက နေ့ချင်းညချင်းအတွင်းကြီး
ပြောင်းလဲသွားတဲ့နောက်မှာလည်း အမှန်တရားတစ်ခုရှိနေမယ်ဆိုတာ ငါအလိုလိုသိနေတယ် အာကာ.........ဒါကြောင့် အရာအားလုံးကို
ဘာမှမသိလိုလေး နှုတ်တိတ်ပေးနေတာ......."အကိုလေး၏စကားကို အာကာ အထူးတလည်
အံ့ဩခြင်းတော့မရှိလှပေ။အကြောင်းကတော့
မေ့အပေါ်မှာ အစကတည်းသံသယဝင်ခဲ့လို့ပဲ
ဖြစ်သည်။"အကိုလေး!ကျွန်တော် တစ်ခုလောက်
ပြောလို့ရမလား ဒီစကားကိုပြောချင်ခဲ့တာတော့
အန်တီခေမာ သေဆုံးသွားကတည်းကပဲ....
ဒါပေမဲ့ အကိုလေးကလည်း စိတ်တွေရူပ်ထွေး
နေတဲ့အချိန်မို့လို့ ဘာမှမပြောပဲနေခဲ့တာ......""မင်း စကားကထူးဆန်းလှချည်လား....
ပြောကွာ မင်းရော ဘယ်သူတွေကိုသံသယဝင်
နေရတာလဲ........""ဒီလိုပါ အကိုလေး....အဲနေ့ညက
မီးလေးခွဲခန်းထဲကနေထွက်ပြီး သတိရလာတော့
မီးလေးက ချက်ချင်းပဲ အန်တီခေမာကို
ပြောစရာရှိတယ်လို့ပြောတယ်.....
ကျွန်တော်ရှိနေလို့ထင်တယ် မီးလေးက
မျက်နှာတော့မကောင်းဘူး အပေါ်ထပ်ခိုမှာ
လေကောင်းလေသန့်ရူချင်နေတယ်ဆိုပြီး
အန်တီခေမာက မီးလေးကိုတွန်းလှည်းတွန်းပြီး
အတူတူ ထွက်သွားတာပဲ......"ရတု စိတ်ဝင်တစားနားထောင်လျှက် အာကာ၏
မျက်နှာကိုပဲ စူးစိုက်ကြည့်နေလေသည်။"ပြီးတော့ သိပ်မကြာဘူး မမမေ
ရောက်လာတယ် အရေးကြီးသုပ်ပြာနဲ့ပဲ
မီးလေး ဘယ်မှာလဲတဲ့...ကျွန်တော်က
အန်တီခေမာနဲ့ထပ်ခိုမှာ စကားပြောနေတယ်
ပြောလိုက်တော့ မမမေ မျက်နှာက
ပိုပီးပျက်သွားတယ် ပြီးတော့ တန်းထပ်ခိုပေါ်ကို
ပြေးလိုက်သွားတာ......"
YOU ARE READING
မာနပြိုင်မျဥ်း season-1(Complete)
Фэнтезиငယ်စဥ်ကတည်းက မိဘတွေမရှိတော့၍ အစ်မဖြစ်သူနှင့်ဘဝကို ရုန်းကန်လာခဲ့ရသည့် သနားစရာ အက်စတာလေး။ ငွေကြေးချမ်းသာသော်လည်း ဖခင်၏ဖောက်ပြန်မှုကြောင့် ဖခင်ကိုရောစိတ်နာသလို ဖခင်နှင့်ပတ်သတ်သည့် အငယ်အနှောင်းကိုပါ မုန်းတီးနေသည့် ရတုပိုင်။ ရတုပိုင်၏ဖခင်ဖြစ်သူ နောက်မီးလ...