Part-9

355 3 0
                                    

🍒အခန်း-၉🍒

မနက်စောစော ပေါ်တီအောက်နားက
ဖိနပ်စင်နားမှာထိုင်ကာ အားကစားဖိနပ်ကြိုးကိုချည်နေသည့် မီးမီးလေးကိုကြည့်ကာ
အက် မျက်ခုံးတွေတောင်ပင့်သွားရပေသည်။

"မီးလေး မနက်အစောကြီး
ဘယ်သွားမို့လဲ........ "

မီးလေး မမအက်၏စကားကြောင့် ခပ်ဖွဖွလေး
ပြုံးလိုက်ရင်း ဖိနပ်ကြိုးကိုလက်စသတ်
ပြီးတာနှင့်ထရပ်လိုက်ကာ အကျီခါးရှည်ကို
ဆွဲချလိုက်ပြီး မမအက်ကိုကြည့်လိုက်ရင်း.....

"ဟုတ်တယ် မမအက်
မနက်၅နာရီလောက် အပြေးအားကစ​ား
လုပ်မို့လေ မမအက်ရော လိုက်ခဲ့ပါလား....."

"အစောကြီးပဲ မီးလေးရယ်...
၇နာရီခွဲဆို မမကအလုပ်သွားရတော့မှာ
မလိုက်တော့ပါဘူး......"

"၆နာရီဆို ပြန်ရောက်မှာလေ.........
လိုက်ခဲ့ပါလား မမအက်...
အသွားပဲပြေးပြီး အပြန်ကျစက်ဘီးစီးပြီး
ပြန်လာမယ်လေ စက်ဘီးယူပြီး
မမကတွန်းပြီး လိုက်ခဲ့ပေါ့ ဟီး......."

သူ့အပြောနှင့်သူ သဘောကျနေသည့်
မီးလေးကိုကြည့်ပြီး အက်ပါလိုက်ပြုံးလိုက်ရင်း

"နေပါဦး မီးလေး
ပြေးတော့ ဘာရမှာမို့လဲ....."

"ဟင်း....မမအက်ကတော့
ပြောလိုက်ရင် အဆန်းကြီးပဲ
အားကစားလုပ်တော့ ကျန်းမာရေး
ကောင်းမွန်တာပေါ့ ပြီးတော့
ဒီဘက်ခေတ်မှာ ဒီလိုအားကစားလုပ်မှ
ခေတ်နောက်ကျ မကျန်ခဲ့မှာလေ
ဒါတောင် ကိုကိုက အသက်18နှစ်ပြည့်မှ
ဂျင်ပေးဆော့မယ်ဆိုလို့လေ....."

"ဟင်...ဟုတ်လား....
ဒါဆို မ​မလိုက်မယ်လေ....."

"ဟိုး....ဟိုး....ဒီလိုပုံစံနဲ့က
လိုက်လို့မရဘူး မီးလေးလို့အားကစားဝတ်စုံ
ဝတ်ပြီးမှ လိုက်လို့ရမယ်...."

"မမမှာ မီးလေးလို ဝတ်ဆုံမှမရှိတာ..."

"ခဏလေးစောင့် မမ
မီးလေး ဝတ်ဆုံသွားယူပေးမယ်...."

ထိုသို့ပြောပြီး အိမ်ပေါ်ထပ်သို့ပြေးတက်
သွားသည့် မီးလေးကိုလိုက်ကြည့်ပြီး
အက် ခေါင်းသာခါရမ်းနေမိသည်။

သိပ်မကြာလိုက်ပေ မီးလေး အိမ်ပေါ်ကနေ
ဆင်းလာ၍ဝတ်ဆုံကို ယူလာကာ အက်ကို
အခန်းထဲဆွဲခေါ်၍ဝတ်ပေးကာ အက်လဲ
စက်ဘီးလေးတွန်း၍လိုက်ခဲ့သလို မီးလေးကလဲ
လှုပ်တုပ်လှုပ်တုပ်နှင့် ပြေးနေလေသည်။

မာနပြိုင်မျဥ်း season-1(Complete)Where stories live. Discover now