Part-10

562 3 0
                                    

🍒အခန်း-၁၀🍒

ကုမ္ပဏီကားပါကင်ထဲသို့ ရေ ကားလေးကို
ထိုးရပ်ကာ ကားပေါ်ကနေဆင်း၍ ညီမဖြစ်သူကို
တစ်ချက်ကြည့်လိုက်ရင်း......

"အက်...မမမှာထားတာတွေကို
မမေ့နဲ့နော် ပြီးတော့ အလုပ်ထဲမှာ
ကိုယ့်ဘာသာကိုယ်နေပါ...."

"ဟုတ်ကဲ့ပါ မမ...
အက် နားလည်ပါပီး..."

အက် မမ၏နောက်ကနေခပ်ရို့ရို့လေး
လိုက်လာရင်း ကုမ္ပဏီထဲသို့ရောက်တော့ Receptionကဆိုလား အစ်မတစ်ယောက်နှင့်
မမက အက်ကိုအရင်ဆုံးမိတ်ဆက်ပေးသည်။

"CEO မင်္ဂလာပါ
ကောင်းသောနံနက်ခင်းလေးပါရှင့်....."

"အင်း....သူ့နာမည်က အက်စတာတဲ့
ဒီနေ့မှအလုပ်စဝင်တာ ရုံးပိုင်းကဖိုင်တွဲတွေကို
ညနေတိုင်း သူ့ကိုယ်တိုင်လာကောက်လိမ့််မယ်..."

"ဟုတ်ကဲ့ပါ...CEO"

"အခု သူ့ကိုဝန်ထမ်းကတ်နဲ
အလုပ်ရဲ့သဘောတရား နဲနဲရှင်းပြထားလိုက်
ပြီးရင် ငါ့အခန်းဆီ သူ့ကိုလွှတ်လိုက်....."

"ဟုတ်ကဲ့ပါ....."

ခပ်မာမာလေသံတွေနှင့် အမိန့်တွေဆက်တိုက်
ဆိုသလိုပေးသွားကာ ကုမ္ပဏီအပေါ်ထပ်သို့
တက်သွားသည့်မမကို အက် ငေးကြည့်စဥ်...

"မင်္ဂလာပါ ညီမလေးအက်စတာ..."

"ဟင်...ဟုတ်..မင်္ဂလာပါ မမ...."

''ဟယ်.....ညီမလေးက အပြင်မှာ
ပိုချောပီး ချစ်စရာကောင်းလိုက်တာ .....''

"အက်ကို မြင်ဖူးလို့လား....."

အက် တအံ့တဩမေးလိုက်တော့
ထိုမမကပြုံးပြ၍....

"မြင်ဖူးတယ်လေ ညီမလေးကို
အလုပ်လျှောက်လွှာဖောင်မှာ
ဓာတ်ပုံတွေ့တာ အကုန်လုံးထဲမှာ
ညီမလေးကထင်းနေတော့ မှတ်မိလွယ်တာပေါ့.."

"ဟီးး ဟုတ်လား မမ
နောက်မှ မုန့်ဝယ်ကျွေးမယ်နော်...."

"မလိုပါဘူးနော် အစ်မက ချစ်စရာကောင်းလို့ ချစ်စရာကောင်းတယ် ပြောတာပါ...."

"ဟီးဟီးး ဟုတ်ပါပြီရှင်..."

"ဟဲ့... ဒီနေ့ သူဌေးလေးလာမှာနော်...... ''

မာနပြိုင်မျဥ်း season-1(Complete)Where stories live. Discover now