Part-5

645 7 0
                                    

🍒အခန်း-၅🍒

အက် မနက်အစောကတည်းကနိုးနေ၍
မီးဖိုချောင်ထဲဝင်ကာ ဘာကူလုပ်ရမလဲ
မေးတော့လဲ အကုန်လုံးကသူမကိုဆို
ရှောင်ဖယ်ရှောင်ဖယ် လုပ်နေတာကြောင့်
အက် ထိုနေရာလေးမှာပင် ယောင်တောင်
တောင်လေးရပ်နေမိသည်။

"ဟို.....အက်....ဆေးလိုက်ပါ့မယ်...
ေပးနော်...ဒေါ်ဒေါ်....."

ဒေါ်ထား မနက်အစောကြီးကတည်းက
သူမတို့အနားမှာ ယောင်ချာချာလုပ်နေသည့်
ထိုကလေးမလေးကိုကြည့်လိုက်ရင်း......

"ရော့.....သေချာဆေးနော်....
အကိုလေးက သန့်ရှင်းနေမှကြိုက်တာ....."

"ဟုတ်....ဟုတ်ကဲ့ပါ....
ဒေါ်ဒေါ်....... "

"အင်း...ငါ့နာမည်က ဒေါ်ထားတဲ့
ညည်းနာမည်ကရော....."

"ဟုတ်....အက်စတာလို့
ခေါ်ပါတယ်....အက်လို့်ခေါ်လဲရပါတယ်
ဒေါ်ဒေါ်....."

"အင်းအင်း....ပန်းကန်တွေ
သေချာဆေးနော်....."

"ဟုတ်ကဲ့....အက်က အရင်ကတည်းက
ထမင်းဆိုင်မှာလုပ်တော့ ဒီလောက်က
မိုင်းနာပဲရှိတယ်...ဟီး......"

ဒေါ်ထား ထိုကလေးမ၏စကားကြောင့်
မျက်ခုံးလေးပင့်လိုက်ရင်း ဘာမှဆက်ပြောမနေပဲ ခဏနေရင် မမကြီး ဘုရားမီးပူဇော်ရန်
ဆင်းလာတော့မှာမို့ ဘုရားဆွမ်းတော်ကပ်ရန်
အတွက်သာ လုပ်နေလိုက်ပေသည်။

ဒေါ်ခေမာ မနက်အိပ်ယာနိုးတာနဲ့သူမ၏
ထုံးစံအတိုင်း ဘုရားဆွမ်းတော်ကပ်ရန်
အောက်ထပ်သို့ဆင်းလာ၍ ဒေါ်ထားအား
ခေါ်ရန်ကြည့်လိုက်တော့ မနေ့ကလိုက်လာသည့်
ကလေးမပါ မီးဖိုခန်းထဲဝင်နေတာတွေ့၍
ဒေါ်ထားကို မျက်စပစ်ပြလိုက်တော့ ဒေါ်ထားကလဲ မသိဘူးပုံစံဖြင့်လက်ပြလေသည်။

"ဒေါ်ထား အဆင်သင့်ဖြစ်ပြီးလား...."

"ဟုတ်ကဲ့...မမကြီး....."

"ဒါဆိုလဲ လာအေ့....
အိမ်မှာက အကုသိုလ်တွေက
အစုလိုက်အပြုံလိုက်ရောက်နေတာဆိုတော့
ဘုရားတရားလုပ်မှပါအေ့......"

"ဟုတ်...မမကြီး...."

အက် ထိုစကားကသူမကို ဆိုလိုနေခြင်း
ဖြစ်တာကြောင့် နေရခက်လှသလို
စိတ်လဲကျည်းကြပ်သွားရတော့အမှန်ပင်။
ဟုတ်တော့လဲဟုတ်ပါသည်လေ မမက
သူတို့၏အသိုက်အမြှှံဖျတ်ဆီးထားတာ
ဆိုတော့ ညီမဖြစ်တဲ့အက်ကိုလည်း
ဘယ်ကြည်ဖြူနိုင်ပါ့မလဲလေ။အက်လည်း
ထိုအတွေးလေးနဲ့အတူတူ လုပ်စရာရှိတာကိုသာ ဆက်လုပ်နေလိုက်ပေသည်။

မာနပြိုင်မျဥ်း season-1(Complete)Where stories live. Discover now