🍒အခန်း-၂၂🍒
"ဟီး...အီး....ဟင့်...ဟင့်......"
အခန်းထဲမှာ ငိုရှိုက်သံကပဲ့တင်လျက်
ဖရိုဖရဲပုံဖြစ်နေသည့် အဝတ်စားပုံစံဖြင့်
ကုတင်ဘေးနားလေးမှာ ပုံ့ပုံ့လေးထိုင်ပြီး
ငိုနေသည့်ပုံစံက ရှိုက်ကြီးတငင်ပင်။"ညီမလေး အက်....."
ရေ ညကတည်းကထွက်မလာသည့်
ညီမဖြစ်သူကို အလုပ်သွားရန်အတွက်
အခန်းတံခါးခေါက်ပြီး ဝင်လာခဲ့စဥ်
ဖရိုဖရဲဖြစ်နေသည့် ညီမလေးပုံစံက
သူမကိုထိပ်လန့်သွားစေမိသည်။"ဟင်.....ညီမလေး.....ဘာလို့...
ဒီပုံစံက... ဟာ...ညီမလေးရယ်...."မမရေ ပြောနေသည့်စကားသံတွေက
အက်၏နားထဲဝင်တချက်မဝင်တချက်ရယ်ပါ။
တုန်ယင်နေသည့်လက်သည်းလေးကိုသာ
သွားလေးနဲ့ကိုက်ခြစ်နေမိပြီး အကြောင်းအရာတစ်ခုကို ထပ်ခါတလဲလဲမျက်မြင်လုံးထဲ
မြင်နေမိကာ ခေါင်းထဲကေနလုံးဝ
ထွက်မသွားသည့် ညကအဖြစ်ပျက်တွေက
အက်ကို ထိတ်လန့်စေသည်။အခြေအနေကိုနားလည်သဘောပေါက်
လိုက်သည့် ရေ တောင့်တောင့်ကြီးထိုင်နေပြီး အသက်မဲ့သူပမာ အသက်တောင်ရူရဲ့လားမသိသည့် ညီမလေး၏ပုံစံကြောင့် စိတ်လှုပ်ရှားသွားရကာ အနားသို့ပြေးသွားလိုက်ရင်း....."ညီမလေး မမကိုကြည့်ပါဦး
ငိုချင်ရင်ငိုချလိုက်နော်
ဒီလိုကြီးမနေပါနဲ့ ညီမလေးရယ်......."အက် သူမကိုယ်သူမ ငိုနေတာလား
မသဲကွဲစွာဖြင့်ပါးပြင်ကိုလက်နဲ့စမ်းလိုက်တော့ အေးစက်စက်မျက်ရည်တချို့တွေက ပါးပြင်ပေါ်သို့လိမ့်ဆင်းနေလေသည်။ခေါင်းအောက်ငိုက်စိုက်ကာ မျက်ရည်တွေ
ကျနေသည့် ညီမလေးကို ရေ ဘာပြောရမလဲ
ညီမလေးမငိုရဘူးလို့ ညီမလေးမငိုနဲ့လို့
ဒါမှမဟုတ် ညီမလေး ဘာမှမဖြစ်ပါဘူးလို့
နှစ်သိမ့်ပေးရမှာလား......ရေ ကိုယ်တိုင်ကရော
ဒီဖြစ်စဥ်မှာဘယ်သူနဲ့ဖြစ်ခဲ့မှန်း ရေရေရာရာ
သိခဲ့တာမှ မဟုတ်ပဲ။ဒါပေမဲ့...ဒါပေမဲ့ ညီမလေးရဲ့ပုံစံက
ဒါတွေဖြစ်ခဲ့တာပဲလို့ ဆိုလိုနေသည်မဟုတ်လား။ရေ ညီမလေးကို လက်လွက်စပယ်
ထားခဲ့မိလို့ ဒီအခြေအနေတွေဖြစ်နေတာလား
ပြီးတော့ အစ်မတစ်ယောက်အနေနဲ့ရော
ရေ ဘာလုပ်သင့်လဲ။
YOU ARE READING
မာနပြိုင်မျဥ်း season-1(Complete)
Fantasyငယ်စဥ်ကတည်းက မိဘတွေမရှိတော့၍ အစ်မဖြစ်သူနှင့်ဘဝကို ရုန်းကန်လာခဲ့ရသည့် သနားစရာ အက်စတာလေး။ ငွေကြေးချမ်းသာသော်လည်း ဖခင်၏ဖောက်ပြန်မှုကြောင့် ဖခင်ကိုရောစိတ်နာသလို ဖခင်နှင့်ပတ်သတ်သည့် အငယ်အနှောင်းကိုပါ မုန်းတီးနေသည့် ရတုပိုင်။ ရတုပိုင်၏ဖခင်ဖြစ်သူ နောက်မီးလ...