🍒အခန်း-၈🍒
"တီး...တီး....တီး......."
ခြံထဲသို့ဝင်လာသည့်ကားသံကြောင့်
ဒေါ်မူမူမြင့် ဟင်းပွဲတွေသေချာစီစစ်နေရင်း မျက်နှာမှာပြုံးရွှင်သွားပြီး ဧည့်ခန်းဘက်ကို
အမြန်ထွက်လာလိုက်လေသည်။ေဟာ ်တွေ့ပါပြီး သူမတွေ့ချင်နေသည့်
ချစ်လှစွာသော သူမ၏သား။မအေဖြစ်သူကို
နှစ်တွေအများကြီးတစ်ယောက်ထည်း
ပစ်သွားသည့်သား ဒေါ်မူမူမြင့် သားဖြစ်သူကို
ကြည့်ပြီး ပြုံးလိုက်မိသည်။သူ့ဒယ်ဒီနှင့် ဘာတွေပြောနေပြီး
သဘောကျနေလည်းမသိပေ။
သားက အရမ်းချောလာပြီး အရပ်ကထောင်ထောင်မောင်းမောင်းနှင့်
ဒီကထွက်သွားတုန်းကနှင့် လုံးလုံးမှ
မတူတော့ေပ။သူမတောင်မနည်း
ကြည့်ယူရသည့် အထိပင်။တံခွန်စိုင်း သူ့နှင့်ဒယ်ဒီ စကားပြောနေတာကို
ရပ်ကြည့်နေသည့် မေမေဆီသို့
ပြုံးပြီးလျှောက်လာလိုက်သည်။"မေမေ နေကောင်းတယ်နော်...."
ပြောပြောဆိုဆိုနှင့်ပင် သားက သူမ၏ကိုယ်လေးကို ဖက်လိုက်တော့ ဒေါ်မူမူမြင့်
သူမ၏သားရင်ခွင်ထဲ ခေါင်းတိုးကာ
ဝမ်းသာမျက်ရည်တွေပါ ကျလာလေသည်။"ဟာ...မေမေကလည်းဗျာ...
သားပြန်လာတာကို ငိုစရာလား.....""အဟင်း...မေမေဝမ်းသာလို့ပါသားရယ်..."
"ဟုတ်တယ်သားရေ....မင်းမာမီက
မင်းပြန်မလာခင် တစ်ပတ်ကြိုထဲက
မင်းကိုကြိုဖို့ ပြင်ဆင်နေတာ...အဟွန်း..."ဖေဖေ ဝင်ပြောတော တံခွန်
မေမေကိုဖက်ပြီး မေမေ၏နဖူးလေးကို
နမ်းလိုက်ကာ......"သားတောင်းပန်ပါတယ် မေမေ...
မေမေကို အကြာကြီးပစ်ထားမိလို့..."ထိုအခါမှ ဒေါ်မူမူမြင့် သားမျက်နှာလေးကို
ကိုင်ကြည့်ပြီး......"အဟင်း...ဟင်း....မေမေသားက
ချောလာလိုက်တာ....
ထွားလည်းထွားလာတယ်...
မေမေကို ပစ်မသွားရတော့ဘူးနော်...."မေမေမျက်ရည်တွေ ကျပြီးပြောတော့
မေမေမျက်နှာပေါ်က မျက်ရည်တွေကို
တံခွန် လက်နှင့်အသာသုတ်ပေးလိုက်ပြီး......
YOU ARE READING
မာနပြိုင်မျဥ်း season-1(Complete)
Фэнтезиငယ်စဥ်ကတည်းက မိဘတွေမရှိတော့၍ အစ်မဖြစ်သူနှင့်ဘဝကို ရုန်းကန်လာခဲ့ရသည့် သနားစရာ အက်စတာလေး။ ငွေကြေးချမ်းသာသော်လည်း ဖခင်၏ဖောက်ပြန်မှုကြောင့် ဖခင်ကိုရောစိတ်နာသလို ဖခင်နှင့်ပတ်သတ်သည့် အငယ်အနှောင်းကိုပါ မုန်းတီးနေသည့် ရတုပိုင်။ ရတုပိုင်၏ဖခင်ဖြစ်သူ နောက်မီးလ...