Part-21

574 3 0
                                    

🍒အခန်း-၂၁🍒

ရတု အိမ်ပေါ်ထပ်သို့တက်လာရင်း ညီမလေး၏
အခန်းထဲသို့ ရဲမှူးနှင့်ဆေးတပ်ဖွဲ့ကအကူတစ်ယောက်နှင့်ဝင်လာလိုက်၍ ရဲမှူး၏ပြောပုံအရ
ဆေးထိုးပုံတွေကတူညီနေသလို ညီမလေး၏
အခြေအနေအရ အရေးပေါ်သုံးရန်အတွက်
ဆေးပြွန်ထဲအသင့်ထည့်ထားသည့် ဆေးရည်တစ်မျိုးကိုပါ စစ်ရန်ယူသွားလေသည်။

"ကိုရတု ကျုပ်ပြန်လိုက်ဦးမယ်....
စစ်ဆေးပြီးတဲ့အခါ ထူးခြားရင်
ကျုပ်အကြောင်းပြန်လိုက်ပါ့မယ်....
အခုလတ်တလောတော့ ခင်ဗျားညီမလေး
အခြေအနေဆိုးဝါးလည်း တခြားနည်းလမ်းနဲ့
ထိန်းချုပ်ထားပါ........"

"ဟုတ်ကဲ့ပါ စခန်းမှူး....
ကျွန်တော့ သဘောပေါက်ပါတယ်....."

"အေးဗျာ ဒါဆို ကျုပ်ပြန်ပြီး......"

"ဟုတ်ကဲ့ ဖြေးဖြေးနော် စခန်းမှူး....... "

ရတု ရဲမှူးကိုလက်ပြနှုတ်ဆက်နေချိန်
အိမ်ထဲသို့  Mark Xကားခဲပုတ်ရောင်တစ်စီး
ထိုးဝင်လာလေသည်။ထိုကားမှာ
ရေဗက္ကာ၏ကားပင်ဖြစ်တာကြောင့်
ရတု အခုချိန်မှာ သူတို့မျက်နှာကို
မကြည့်ချင်၍ အိမ်ထဲသို့တန်းဝင်လိုက်ပြီး
မီးဖိုခန်းထဲဝင်၍ စိတ်ညစ်ညစ်နှင့်
ရေခဲသေတ္တာထဲက ဝီစကီတစ်ပုလင်းကိုဆွဲ၍
မီးလေး၏စာကြည့်ခန်းထဲသို့ဝင်လာလိုက်ပေသည်။

အက် ဒီနေ့ မမရေကြောင့်စိတ်မကြည်လင်၍ အလုပ်က​ေနအိမ်သို့အစောပြန်လာခဲ့၍
ခြံဝမှာမြင်လိုက်ရသည့်ရဲကားကြောင့်
ထိတ်ခနဲပင် ဖြစ်သွားရသလို
သူ့များသိသွားတာလားဆိုတဲ့အသိက
အသက်ရူသံတွေပါ မြန်လာပေသည်။

ကားပေါ်ကနေဆင်းလာ၍ အိမ်ထဲသို့ဝင်လာလိုက်တော့ အိမ်ထဲမှာပုံမှန်အတိုင်းပဲ တိတ်ဆိတ်နေသလို ဒေါ်ထားတို့အိမ်အကူအဖွဲ့ကလည်း
ခြံထဲမှာပန်းပင်လေးတွေစိုက်၍ အလုပ်ရုပ်နေကြသည်။အပေါ်ထပ်က မီးလေးကိုသွားကြည့်ရန် အားယူနေသော်လည်း မမ၏လုပ်ရပ်ကြောင့်
မျက်နှာမပြဝံ့တာကြောင့် အက် သက်ပြင်းလေးချ၍ အခန်းထဲသာဝင်လာခဲ့လိုက်လေသည်။

အခန်းထဲသို့ရောက်သည့်နှင့် အက် လန်းသွားအောင် ရေချိုးရန် ရေချိုးခန်းထဲသို့ဝင်လာ၍
ရေမိုးချိုးလိုက်ပြီး တပတ်လေးပတ်ကာ
ပြန်ထွက်လာတော့ ဖုန်းမြည်သံ ကြားလိုက်ရပေသည်။

မာနပြိုင်မျဥ်း season-1(Complete)Where stories live. Discover now