Part-18

587 7 0
                                    

🍒အခန်း-၁၈🍒

"ခလွမ်!!!!....."

"သွား!!!ထွက်သွားကြ....."

ရတု ပင်ပန်း၍အနားယူရန်အတွက် အိမ်ပေါ်ထပ်သို့ တက်လာတော့ ညီမလေးဖြစ်သူ၏
ဆူဆူညံညံအသံကြောင့် အပြေးတက်လာခဲ့လိုက်ပေသည်။

"ဘာဖြစ်တာလဲ ညီမလေး........."

ရတု ပြေးထွက်လာသည့်အိမ်အကူကောင်မလေးကိုတစ်ချက်ကြည့်လိုက်တော့
မျက်ရည်လေးတလည်လည်နှင့်ဖြစ်နေတာကြောင့် မီးလေးဆီသို့ကြည့်လိုက်တော့
ထမင်းပန်းကန်တွေကို လွင့်ပစ်ထားပုံရပြီး
ထမင်းဟင်းတွေလည်း အခန်းထဲမှာ
ပွစာကြဲနေလေသည်။

ကုတင်ပေါ်မှာ ဆံပင်တွေဖွာလန်ကြဲကာ
အကျီကလဲ ဖရိုဖရဲပုံစံဖြင့်ထိုင်နေသည့်
ညီမလေးကို ရတု စိတ်မကောင်းစွာကြည့်ကာ
ညီမလေးဘေးနားသို့ ကပ်တိုးထိုင်လိုက်ပြီး......

"မီးလေး ညီမလေး....
ဘာဖြစ်လို့လဲဟင်......
ဟင်းမကောင်းလို့လား....
ကိုကို ပြန်ပြင်ခိုင်းလိုက်မယ်လေနော်......"

"အဲအရူးမပေါ့ မီးလေးကို ဟင်းသိုးတွေ
လာကျွေးနေတာ မီးလေးက ဘယ်တုန်းက
အဲဟင်းတွေစားလို့လဲ......."

"ဟုတ်သားပဲ... ညီမလေးက ဘယ်တုန်းက
ဒီဟင်းတွေစားလို့လဲ ကိုကို ပြီးမှ
ဆူလိုက်မယ်နော် အခုတော့ ညီမလေးကြိုက်တဲ့ပုစွန်တုပ်ဟင်းချက်ထားတယ်
ညီမလေး စားမလား....
ကိုကို ပြင်ခိုင်းလိုက်မယ်လေနော်......"

"ဟွန့်....မီးလေးက ပုစွန်တုပ်ကြိုက်တယ်ပေါ့
ဟုတ်လား! ဘယ်တုန်းက ကြိုက်တာလဲ....."

"အင်း....ကိုကိုပြောပြမယ်လေ
မီးလေး ထမင်းစားနေရင်း
ပြောမယ်လေနော် နားထောင်မယ်မလား...."

"တကယ်နော် မလိမ်ရဘူးနော်....."

"တကယ်ပေါ့ ညီမလေးရဲ့....
ဒါဆို ကိုကို ဒေါ်ထားကို ပြင်ခိုင်းလိုက်မယ်နော်"

သူပြောလိုက်တော့ ခေါင်းလေးတဆက်ဆက်
ငြိမ်ပြနေသည့် ညီမလေးကို ရတု စိတ်မသက်မသာဖြင့် ပြုံးပြီးကြည့်လိုက်ရင်း အခန်းဘေးနားမှာ ရပ်စောင့်နေသည့် ဒေါ်ထားကို
မျက်နှာရိပ်မျက်နှာကဲဖြင့် ထမင်းသွားခူးရန်
မေးဆက်ပြလိုက်တော့ ဒေါ်ထားရော အိမ်အကူကောင်မလေးပါ အောက််ထပ်သို့ဆင်းသွားလေသည်။

မာနပြိုင်မျဥ်း season-1(Complete)Where stories live. Discover now