🍒အခန်း-၄🍒
မြန်မာနိုင်ငံ၏ အရာရှိသားသမီးတွေနှင့်
ပိုက်ဆံရှိသားသမီးတွေသာလာနိုင်သည့်
လူချမ်းသာ ကလပ်တစ်ခုတွင်
သီချင်းသံdjတွေကြား ကခုန်နေသော
လူငယ်တွေ လောကစည်းစိမ်ကိုခံစား၍
လောကနိဗ္ဗာန်ရောက်နေလေသည်။ထိုလူငယ်တွေကြားထဲတွင် ဝီစကီကို
အရသာခံစွာ သောက်နေသည့် မြန်မာနိုင်ငံတွင်
သူဌေးစာရင်းဝင်ဖြစ်သည့် သူဌေးကြီးဦးတံခွန်၏သား တံခွန်စိုင်းပင်ဖြစ်သည်။လူငယ်ဆန်ဆန် ခေတ်ကာလသားသမီးတို့၏
သဘာဝအတိုင်း ပျော်မြူးနေကြသလို
တံခွန်စိုင်းဆိုသည့်ကောင်လေးက မိန်းကလေးတွေ၏အသဲကျော်ပင်ဖြစ်သလို သူ့မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တာနှင့်ပင် သူ့အရှေ့မှာ
မိန်းမတွေက ခံစားဖို့အသင့်ပင်ဖြစ်နေအောင်
သူပုံစံက လူငယ်ဆန်စွာ ချောမောလွန်းလှသည်။လူငယ်ဆိုတော့ သူလွတ်လွတ်လပ်လပ်နေတာကို သူကြိုက်နှစ်သတ်သည်။ဒါကြောင့်လည်း... သူမာမီကို နိုင်ငံခြားမှာ ကျောင်းတက်တယ်လို့ညာပြောပြီး ကိုယ်ပိုင်ကွန်ဒိုတိုက်ခန်းတစ်ခန်းဝယ်ယူကာ နေထိုင်ခဲ့သည်။ မာမီကတော့
သူတကယ်ပညာသင်ယူနေတယ်ဆိုပြီး
ပိုက်ဆံတွေကို တောင်းသလောက်ပေးခဲ့သလို ဒယ်ဒီကလည်း ပိုက်ဆံကို လိုသလောက် သူ့ကိုဖြည်းဆည်းပေးခဲ့သည်။တံခွန် အချုပ်အနှောင်တွေကို မနှစ်သက်သလိုအခုလို လွတ်လွတ်လပ်လပ်နေရတာကိုပဲ
သူကြိုက်နှစ်သက်သည်။မာမီကတော့
သူကျောင်းပြီးလို့ ပြန်လာခဲ့ရင် ဒယ်ဒီ၏နေရာကို သူ့ကို ဦးဆောင်စေချင်သည်။သူ ထိုအရာတွေကို သူမမက်မောသလို ထိုအရာတွေကို ဆက်ခံဖို့အတွက်လည်း သူ့မှာအရည်အချင်း
မရှိသေးဘူးမဟုတ်လား။"ဟေ့...ယူ မကဘူးလား.......လာလေ..."
တံခွန် ထိုအတွေးလေးနှင့်ဝီစကီအား
ဇိမ်ခံသောက်နေတုန်း သူ့ကိုအထာလာပေးသည့် ခပ်ဟော့ဟော့မိန်းမတစ်ယောက်ကို
သွားဆိုသည့်သဘောဖြင့် လက်ခါပြလိုက်ပြီး လက်ထဲကအရက်ခွက်ကို အသာလှုပ်ရမ်းပြီး ယောကျာ်းလေးတန်မဲ့ နီရဲနေသောနှုတ်ခမ်းပါးများက ဝီစကီကို အရသာခံပြီး သောက်နေလိုက်သည်။
YOU ARE READING
မာနပြိုင်မျဥ်း season-1(Complete)
Fantasyငယ်စဥ်ကတည်းက မိဘတွေမရှိတော့၍ အစ်မဖြစ်သူနှင့်ဘဝကို ရုန်းကန်လာခဲ့ရသည့် သနားစရာ အက်စတာလေး။ ငွေကြေးချမ်းသာသော်လည်း ဖခင်၏ဖောက်ပြန်မှုကြောင့် ဖခင်ကိုရောစိတ်နာသလို ဖခင်နှင့်ပတ်သတ်သည့် အငယ်အနှောင်းကိုပါ မုန်းတီးနေသည့် ရတုပိုင်။ ရတုပိုင်၏ဖခင်ဖြစ်သူ နောက်မီးလ...