Part-19

495 6 0
                                    

🍒အခန်း-၁၉🍒

အက် ဒီနေ့အလုပ်သို့ရောက်လာသော်လည်း
စိတ်က မီးလေးဆီပဲရောက်နေသလို ရုတ်ချည်း
ဖြစ်သွားသည့်မီးလေး၏အခြေအနေကို
နားမလည်ဖြစ်နေရတာတော့အမှန်ပင်။
မီးလေး၏မွေးနေ့ပွဲပြီးသွားကတည်းက
ရူပ်ထွေးသွားသည့်အဖြစ်အပျက်တွေက
မြန်ဆန်လွန်းနေသလို ဒါတွေအကုန်လုံးက
ကံတရားဖန်တီးထားသည့်ထက် အကွက်ကျလွန်းနေသည်ပင်ဖြစ်သည်။

အက် အတွေးလွန်နေစဥ် အက်ဆီသို့တည့်တည့်
လျှောက်လာနေသည့် မမရေကြောင့် အက်
အတွေးတွေကိုကိုယ်ရှိန်သတ်လိုက်ရင်း.....

"မမရေ....အက်ကို ဘာခိုင်းစရာရှိလို့လဲ...."

"ရော့....ဒီဖိုင်တွဲတွေကို အပြင်ကိုသွားပို့
ပေးရမယ် ပြီးတော့ ညက အက်ကို မမမှာထားတဲ့အတိုင်းပဲ ပြောလိုက်ရင် ရပြီး ဟုတ်ပီလား...."

"ဟုတ်ကဲ့ပါ...အခုသွားရတော့မှာလား...."

"အင်း ဟုတ်တယ်...ရုံးရှေ့မှာ မမရဲ့ကား
ဒါရိုက်ဘာအသင့်စောင့်နေတယ် လိုက်ပို့ပေးရမဲ့နေရာကို သူ့ကိုပြောပြထားပီးသား......."

"အင်းပါ....ဒါဆို အက် သွားလိုက်ဦးမယ်လေ..."

"အင်းအင်း......အဆင်ပြေအောင်ပြောလာခဲ့ပါ အခုကိစ္စကအရေးကြီးတယ်နော်....."

"ဟုတ်...အက် နားလည်ပါတယ် မမရေ....."

အက်ကိုပြောပြီးတာနှင့် မမရေက သူမ၏အလုပ်စားပွဲပေါ်သို့ပြန်ထိုင်ပြီး
ကွန်ပြူတာအားနှိပ်၍ အလုပ်ပြန်လုပ်နေပေသည်။အက်လည်း စလင်းဘတ်အိတ်လေးကို
လွယ်၍ ဖိုင်တွဲလေးအားရင်မှာပိုက်၍ ရုံးခန်းထဲက ထွက်လာခဲ့လိုက်ပေသည်။

ကုမ္ပဏီကောင်တာရှေ့က မှန်တံခါးကိုဆွဲဖွင့်
လိုက်တော့ မမ၏ကားဒါရိုက်ဘာက အက်ကို
အသင့်ကြိုနေလေသည်။အက် အသင့်ဖွင့်ပေးထားသည့် ကားပေါ်သို့တက်လိုက်သည့်နှင့်
ကားတံခါးကျအောင် ဆွဲပိတ်လိုက်လေသည်။

တရွေ့ရွေ့နှင့်မောင်းထွက်လာသည့်
ကားလေးကကုမ္ပဏီနှင့်တဖြေးဖြေးဝေးကွာ
လာကာ ​ေနာက်တော့ ကော်ဖီဆိုင်လေးဆီသို့ ကားအားထိုးရပ်လိုက်လေသည်။

မာနပြိုင်မျဥ်း season-1(Complete)Where stories live. Discover now