Part-20

499 3 0
                                    

🍒အခန်း-၂၀🍒

"ဒီလိုဗျာ....ကျွန်တော်တို့မနေ့က ဦးဘုန်းသိုက်ရဲ့
ဆေးရုံကို လူတစ်ယောက်က တိုင်ချက်လာဖွင့်တယ်ဗျာ အဲလူရဲ့ဇနီးက ကိုယ်ဝန်ဆောင်
ွနယ်ကတက်လာတဲ့ပုံစံပဲ ရွာဘက်တွေက
ဆေးရုံဆေးခန်းမရှိတော့ လက်သည်တွေနဲ့
မွေးတာ မမွေးနိုင်လို့ထင်တယ် မြို့ဆေးရုံကို
ရောက်ချလာပုံပဲ......"

"ဆိုတော့ဗျာ....မြို့ရောက်ရောက်ချင်း
ဦးဘုန်းသိုက်ဆေးရုံကို ရောက်လာပြီး
ကိုယ်ဝန်သည်အမျိုးသမီးကတော့ အသက်ရှင်ပေမဲ့ ကလေးကတော့အသက်မမှီလိုက်ဘူး
ဒါနဲ့ သူ့မိန်းမက ကလေးမွေးပြီးပြီးချင်း
ရူးကြောင်ကြောင်ဖြစ်သွား​ရောတဲ့.....
ဆရာဝန်တွေပြောတာကတော့ မိခင်က
မီးတွင်းထဲမှာ ကလေးအသက်မပါတာ
မြင်ပြီး သွေးရူးသွေးတန်းဖြစ်သွားတဲ့...."

"အဲထိက ဟုတ်သလိုလိုရှိနေပေမဲ့
သူ့ယောကျားကပြောပုံအရဆိုတော့ကျ
ဒီကလေးက တစ်ဦးလည်းမဟုတ်သလို
ပြီးတော့ သူ့မိန်းမကဒါနဲ့ဆို ကလေးပျက်ကျတာ
၂ခါမြောက်တဲ့ ရူးစရာလဲအကြောင်းမရှိသလို
ရွာဘက်တွေမှာဆို ကလေးပျက်ကျတာတို့
အသေလေးမွေးတာတို့က ဖြစ်နေကျမို့
သိပ်မထူးဆန်းဘူးတဲ့....ဒါကြောင့် သူ့မိန်းမကို
ဆေးထိုးမှားလို့ပဲဖြစ်ဖြစ် တစ်ခုခုလုပ်လိုက်လို့
သူ့မိန်းမက ဒီလိုဖြစ်တာဆိုပြီး စခန်းမှာအမှုလာဖွင့်ရော ...."

ရတု ဦးဘုန်းသိုက်၏စကားကို စိတ်ဝင်စားစွာ
သေချာအာရုံစိုက် နားထောင်နေလေသည်။

"သိတဲ့အတိုင်းပဲ....ဦးဘုန်းသိုက်ဆိုတာကလဲ
နယ်နယ်ရရလူမှမဟုတ်တာ ဖမ်းဝရံထုတ်ပြီး
ဝင်စစ်ဆေးလို့လဲမရဆိုတော့...ကျုပ်တို့လဲ
ရူးနေတဲ့အဲအမျိုးသမီးကိုခေါ်ပြီး စစ်ဆေးကြည့်မယ်ဆိုပြီး ခေါ်စစ်ဆေးကြည့်လိုက်တော့
ဆေးထိုးထားတဲ့နေရာက ဂုတ်မှာဖြစ်နေပြီး
အများစုက တင်ပါးမှာပဲထိုးသလို အကြောဆေး
သွင်းရင်တောင် လက်မှာပဲထိုးကျတာ
မဟုတ်လား............"

္"ဆက်ပြောပါဦး စခန်းမှူးကြီး......"

"အဲတာနဲ့ ကျုပ်လဲ မသင်္ကာလို့ ရဲတပ်ဖွဲ့ဝင်
ဆေးအကူတစ်ယောက်နဲ့ ခန္ဓာကိုယ်အတွင်း
ဝင်သွားတဲ့ဆေးရည်ကိုရှာပြီး DNAစစ်ခိုင်းလိုက်တော့ Poison juiceလို့ခေါ်တဲ့ အဆိပ်ရည်တစ်မျိုးတွေ့လိုက်ရတယ် .........."

မာနပြိုင်မျဥ်း season-1(Complete)Where stories live. Discover now