Part-15

519 3 0
                                    

🍒အခန်း-၁၅🍒

ရတု ကားကိုပေါ်တီအောက်သို့ထိုးရပ်လိုက်
သည့်နှင့် ရူးရူးဒိုင်းဒိုင်းဖြင့်ကားပေါ်ကနေ
ဆင်းလာ၍ တစ်စုံတစ်ယောက်၏နာမည်ကို
အော်ခေါ်၍ အိမ်ထဲသို့ဝင်လာလိုက်ပေသည်။

"အက်စတာ!!!အက်စတာ......"

အက် အပြင်ရောက်နေသည့် မမရေကို
မီးလေး၏အဖြစ်အပျက်တွေကို ဖုန်းဖြင့်
ပြောနေစဥ် အပြင်ကနေအော်ခေါ်နေသည့်
အသံကြောင့် အခန်းထဲကနေထွက်လာရင်း...

"မမ...အက် နောက်မှပြန်ခေါ်လိုက်မယ်နော်..."

ထိုသို့ပြောပြီး ဖုန်းချလိုက်ရင်း ဧည့်ခံထဲသို့
လျှောက်လာလိုက်သည်။

ရတု ဧည့်ခံထဲသို့လျှောက်လာနေသည့်
သူမကိုစိတ်မရှည်စွာဖြင့် လက်မောင်းရင်းကနေ
ကြမ်းတမ်းစွာဆွဲကိုင်လိုက်ရင်း.....

"ပြောစမ်း....ဒါတွေအကုန်လုံးကို
မင်းအစ်မနဲ့ပူးပေါင်းပြီး ကြိုတင်ကြံစည်
ထားတာမလား....ဟမျ..."

အက် မထင်မှတ်ထားသည့်စကားမို့ မယုံကြည်နိုင်သောမျက်ဝန်းတွေဖြင့် သူ့မျက်နှာကို
ငေးကြည့်ရင်း......

"ဘာတွေပြောနေတာလဲ ကျွန်မတို့က
ဘာကိုပူးပေါင်းပြီး ကြိုတင်ကြံစည်ရမှာလဲ...
ရှင်ပြောနေတာတွေ ဘာတစ်ခုမှ
ကျွန်မနားမလည်ဘူး...."

ရတု အံကိုတင်းတင်းကြိတ်လိုက်ရင်း
သူမကို ဆွေ့ကနဲနှင့် ဆိုဖာပေါ်သို့
တွန်းချလိုက်ရင်း....

"မလိမ်နဲ့.....ဒီလို သူရဲဘောကြောင်တဲ့အလုပ်ကို
မင်းတို့ညီမနှစ်ယောက်ကလွှဲရင်း ဘယ်သူလုပ်မှာလဲ......"

အက် ဆိုဖာပေါ်သို့ပစ်တင်ခံလိုက်ရ၍ ဆိုဖာ
လက်ရန်းဖြင့်သူမ၏တံတောင်ဆစ် နာသွားရသဖြင့် လက်လေးနှင့်အသာပွတ်ရင်း......

"ဒီမှာ ကိုရတုပိုင်...
ရှင်ထင်ရာတွေ စွပ်ပြောမနေနဲ့....
ကျွန်မတို့က ဘာကိစ္စ မီးလေးကို
လုပ်ကြံရမှာလဲ ရှင့်မှာဥိီးနှောက်ပါရင်
ရှင့်ဘာသာ စဥ်းစားကြည့်.....
တစ်ခုခုဖြစ်တိုင်း ကျွန်မတို့ညီအစ်မကိုပဲ
ခေါင်းစဥ်တပ်မနေနဲ့....."

အက် မခံစားနိုင်၍ ပက်ကနဲ့ပင် ပြန်ပြောလိုက်မိသည်။တစ်ခုခုဆို မမရေနှင့်အက်ကိုပဲ
သို့လော သို့လောနှင့်ထင်နေကြသလို
အရေးထဲဘာမှမဟုတ်တဲ့ မျက်ရည်တွေက
ဝဲလာပြန်သည်။

မာနပြိုင်မျဥ်း season-1(Complete)Where stories live. Discover now