Part-14

494 3 0
                                    

🍒အခန်း-၁၄🍒

"မိုက်လှချည်လား သမီးရယ်....
အခုကိစ္စသာ ညည်းအစ်ကိုသိရင်
ညည်းကို သတ်လိမ့်မယ်........."

ဒေါ်ခေမာ သမီးဖြစ်သူမီးလေးကို စိတ်တိုချင်သော်လည်း ဝီးချဲ့ပေါ်ကသမီးဖြစ်သူ၏
နွမ်းလျလျပုံစံကြောင့် ဘယ်လိုမှပင် စိတ်မတိုရက်ပေ။သမီးရှင်တစ်ယောက်အနေနှင့် အခုလိုကိစ္စမျိုးက ဖုံးဖုံးဖိဖိထားရမည့်ကိစ္စ
မဟုတ်လား။

သူမတို့လိုအသိုင်းအဝိုင်းကြီးအနေနှင့်ရော
သမီး၏ပြောပြချက်အရရော ထိုကောင်လေးနှင့်
လုံးဝမျက်လုံးမှိတ်သဘောတူနိုင်သည့် အနေအထားမဟုတ်သည့်အတွက် ဒီကိစ္စကို
သိုသိုသိပ်သိပ်သာ ဖြေရှင်းနည်းသာ
အကောင်းဆုံးဖြစ်သည်။

မီးလေး မေမေ၏ညိုးငယ်သွားသည့်မျက်နှာကြောင့် စိတ်မကောင်းဖြစ်ရသလို သူမ၏မိုက်
ပြစ်တွေကြောင့် မေမေလည်း စိတ်ဆင်းရဲ
နေရပြီးမဟုတ်လား။

"ဟို....ဒီကိစ္စတွေကလေ ကိုကိုချစ်သူ
မမမေက မီးလေးကိုအရှက်ခွဲဖို့
အစကတည်းက စီစဥ်ထားတာတဲ့
မေမေ....."

"အို....."

ဒေါ်ခေမာ မယုံကြည်နိုင်လောက်အောင်
ဆွံအသွားလျက် တစ်ချိန်လုံး သူမအားကိုးပြီး
သမီးရင်းတစ်ယောက်လို ချစ်ခင်ခဲ့ရသူက
သူမ၏နောက်ကျောကိုဓားနှင့်ထိုးနေမှန်း
အခုမှ သိရတော့သည်။

"ဒီကိစ္စကို ကိုကိုကို့ပြောမှဖြစ်မယ်
မေမေ ကိုကိုလဲနောက်ဆုတ်သင့်ရင်
နောက်ဆုတ်လို့ရအောင်ပေါ့......"

"ဟင်း...ဟင်း...မောင်ကနောက်ဆုတ်မယ်
ထင်လို့လား...."

"ဟင်....."

အသံလာရာကိုကြည့်လိုက်တော့ မေ ဖြစ်နေ၍
သူမပုံစံက အေးစက်စက်နှင့်သွေးအေးစွာဖြင့်
သူမတို့ဆီ ဦးတည်လျှောက်လာလေသည်။

ဒေါ်ခေမာ မျက်နှာမှာလည်းတင်းမာလျက်ရှိကာ
သားသမီးထိလာရင် မိဘတစ်ယောက်အနေနှင့်
မမြိုသိပ် မခံစားနိုင်တာတော့အမှန်ပင်
မဟုတ်လား။

နီးကပ်လာသည့် မျက်နှာနှစ်ခု၏အကြည့်မှာ
တင်းမာခက်ထန်လျှက်ရှိကာ......

မာနပြိုင်မျဥ်း season-1(Complete)Where stories live. Discover now