🍒အခန်း-၂ 🍒
ရတု အခန်းတံခါးလာဖွင့်ပေးသည့်ကောင်မလေးက ဆံနွယ်ကခါးလောက်နှင့်
မျက်ခုံးတန်းတန်း နှုတ်ခမ်းစိုစိုလေးနှင့်
တော်တော်လှ၍ ဒါကြောင့်လည်း
ဒယ်ဒီက ထိုမိန်းမကိုတန်းတန်းစွဲဖြစ်နေရမည်ဟု
တွေးရင်း ဒေါသတွေကသူ့အလိုလိုထွက်လာကာ
ဟွန့်ကနဲနှင့် နှုတ်ခမ်းကိုမဲ့ချလိုက်ရင်း........."လာစမ်း!!!ဒီကိုလာစမ်း မင်း....."
"အား....လွှတ်....."
အက်ကို ဘာမပြောညာမပြောနှင့် လက်ကနေ
တရမ်းကြမ်းဆွဲ၍ အခန်းထဲသို့ဆွဲခေါ်ပြီး
နံရံမှာအကြမ်းပတမ်းကပ်လိုက်၍
အက်ကိုယ်လေး နာကျင်သွား၍
နှုတ်ခမ်းလေးအားဖိကိုက်မိသည်။"သူများမိသားစုကို ဖျတ်ဆီးရတာ
တော်တော်ပျော်နေတာလား ဟမ်....
မင်းမှာယောကျားတော်တော်ရှားနေလား..."အက်ကို ဒေါသတကြီးပြောနေသည့်
သူ့ပုံစံကြောက်စရာကောင်းနေသလို
အက် သူ့ကိုနားမလည်နိုင်သည့်မျက်ဝန်း
တွေဖြင့် ပြန်ကြည့်ရင်း......"အက် မသိဘူး.....
အက်ကို ဘာတွေပြောနေတာလဲ.....""ဘာ!!!!ဘာမှမသိဘူး ဟုတ်လား...
သူများမိသားစုကို ဖျတ်စီးထားပြီး
ဘာမှမသိဘူးပေါ့လေ ဟုတ်လား.....
သူများမယားငယ် လုပ်ရတာ
တော်တော်ပျော်နေလား.....""ဟင်........."
အက် အခုမှအကြောင်းရင်းကို နားလည်သလို
မမအထင်နှင့်အက်ကို လာပြောခြင်းဖြစ်မည်ဟု
တွေးရင်း အက် ပြန်ရှင်းပြဖို့ကြိုးစားစဥ်....."ဟို....ထိုင်ပါဦးနော်....
အက် ရှင်းပြရစေ......
ခဏလေးပါ အက်
ပြောတာနားထောင်ပေးပါနော်....."္"ဘာကိုရှင်းပြမှာလဲ မင်းက
ဘာလဲ ဒရမ်မာတွေလာခင်းပြမို့လား
ရတုကို ဒါမျိုးလာလုပ်မရဘူး......"အံကြိတ်သံကြီးနှင့်ပြောနေသည့် သူ့ကို
ရှင်းပြချင်တာကြောင့်....."ဟို...အက် ပြောတာလေးကို
နားထောင်ပေးပါနော်.....""မင်းပြောတာကို နားထောင်ဖို့
လာတာမဟုတ်ဘူး ငါမေးတာပဲ မင်းဖြေ
ဟွန့် ငါ့မင်းကိုမေးပါဦးမယ်
အဖေကို ဘယ်လိုမြူစွယ်လိုက်တာလဲ
ဘာလဲ မင်းက ကုတင်ပေါ်မှာတော်နေလို့လား..."
YOU ARE READING
မာနပြိုင်မျဥ်း season-1(Complete)
Фэнтезиငယ်စဥ်ကတည်းက မိဘတွေမရှိတော့၍ အစ်မဖြစ်သူနှင့်ဘဝကို ရုန်းကန်လာခဲ့ရသည့် သနားစရာ အက်စတာလေး။ ငွေကြေးချမ်းသာသော်လည်း ဖခင်၏ဖောက်ပြန်မှုကြောင့် ဖခင်ကိုရောစိတ်နာသလို ဖခင်နှင့်ပတ်သတ်သည့် အငယ်အနှောင်းကိုပါ မုန်းတီးနေသည့် ရတုပိုင်။ ရတုပိုင်၏ဖခင်ဖြစ်သူ နောက်မီးလ...