Intro

999 33 19
                                    

ကျွန်တော် ထားခဲ့ခံရတယ်။

တခြားနေရာလည်းမဟုတ်ဘူး။ ကျွန်တော်တို့ကျောင်းရဲ့ Library သန့်စင်ခန်းထဲမှာ။ ကျွန်တော်ချစ်မိသွားတဲ့လူက ကျွန်တော့်ကို ထားသွားတယ်။

ထားသွားတယ်ဆိုတာထက် ကျွန်တော်သူတို့အတွဲကြားထဲ တမင်ဝင်မိတယ်ဆို ပိုမှန်လိမ့်မယ်။

သူနာမည်က ဇွဲရိပ်ဟန်တဲ့။ Business က လူချောလေးပေါ့။ သူ့ပုံကို ကျောင်းရဲ့ Poster မှာမြင်လိုက်ရကတည်းက ကျွန်တော်သဘောကျသွားတာ။ ပြီးတော့ ကျွန်တော်ချစ်မိသွားတယ်ပေါ့။

ကျွန်တော်ဆိုတဲ့ကောင်ကလည်း ရည်စားထည်လဲတွဲတဲ့ကောင်ပါ။ ဒါပေမဲ့ ဒီတစ်ယောက်ကိုတော့ မြင်မြင်ချင်းချစ်မိသွားတာ ယုံပါ။

ဒါပေမဲ့ဗျာ။ ကံဆိုးချင်တော့ ဇွဲရိပ်ဟန်က Architecture က ကောင်နဲ့တွဲနေကြတယ်။ တွဲရုံပဲမို့ တဇောက်ကမ်းပြီး ဝင်လုဖို့ကြိုးစားပေမဲ့ ရလဒ်ကတော့.....။

လွန်ခဲ့သော မိနစ်အနည်းငယ်က.....

Library ထဲ စာအုပ်ရှာနေတဲ့ ဇွဲရိပ်ဟာ လိုချင်တာမရလို့ မျက်နှာဟာ မှုန်ကုပ်ကုပ်ရယ်ပါ။

“ဟာ လာပြန်ပြီခင်ဗျား”

ထုံးစံအတိုင်း စွာတေးလန်အောင် အော်ပြန်ပါတယ်။

“ကိုယ်နဲ့ခဏလိုက်ခဲ့”

“မလိုက်ဘူး ဒီလက်ကိုလွှတ်!”

အသံကျယ်သွားတာမို့ မအော်ဖို့ ကျွန်တော် အမူအရာပြလိုက်မှ ‌ပတ်ဝန်းကျင်ကိုကြည့်ပြီး ငြိမ်ကျသွားတယ်။

“ခဏပဲ”

လက်ကိုတင်းနေအောင်ဆွဲပြီး ကျွန်တော် ဇွဲရိပ်ကို Library သန့်စင်ခန်းထဲ ခေါ်ခဲ့လိုက်တယ်။

Toilet ကိုကျောကပ်စေလိုက်တော့ ဘမ်းခနဲအသံထွက်လာပြီးနောက် ဇွဲရိပ်ရဲ့မျက်နှာက နဂိုထပ်တောင် မှုန်ကုပ်ကုပ်ဖြစ်လို့သွားတယ်။

ဇွဲရိပ်ရဲ့ ဦးခေါင်းအနား ကျွန်တော့်လက်ကိုနေရာချ၊ မျက်နှာကို နဂိုထပ်အနည်းငယ် တိုးကပ်လိုက်ပေမဲ့ ဇွဲရိပ်ရဲ့အူတူတူရုပ်က မပျောက်သေးဘူး။

“ဘာလုပ်တာလဲ!!”

ဇွဲရိပ်ရဲ့ ဘယ်ရင်ဘတ်ပေါ်လက်တင်လိုက်ရင်း နှလုံးသားစည်းချက်တွေကို ကျွန်တော် တချက်နားဆင်လိုက်တယ်။
 
“လူ‌တွေ သူတို့ချစ်ရသူနဲ့ ဒီလိုအခြေအနေမျိုးရောက်ရင် နှလုံးခုန်တွေမြန်လာကြတယ်တဲ့၊ မင်းက မြန်မနေဘူး”

Light up my nightWhere stories live. Discover now