part 7

228 20 10
                                    

“ဟူး”

တစ်နေ့လုံးဝေယံ့ကိုသူရှောင်လို့ရပေမဲ့ ညနေအဆောင်ပြန်ချိန်တွင်တော့ ရှောင်လို့မရတော့။

~ကလန်ကလားကောင် စိတ်‌ကောင်းလေးဝင်ပြီး တပည့်တော်ကို မသတ်ပါစေနဲ့လားဘုရား~

လက်အုပ်လေးချီ ဆုတောင်းပြီးမှ အဆောင်ပြန်ခဲ့တဲ့ဖိုးဥ အခန်းထဲအရောက်မှာ ဝေယံ့နဲ့တန်းကိုတိုးတယ်။

“ဝိုး... ငါတို့ဖိုးဥလေးပြန်လာပြီပဲ”

စာကြည့်ထိုင်ခုံကြီးမှာထိုင် ပြုံးပြီးကြည့်နေပုံကိုက ကျောချမ်းစရာကြီးမို့ ဖိုးဥ တံတွေးမျိုချရင်း အခန်းတံခါးလေးကိုအသာပိတ်လိုက်တယ်။

“ကျွန်‌တော်ပြန်‌ရောက်ပါပြီဗျလို့...ယဥ်ယဥ်ကျေးကျေးလေးပြန်ဖြေရမယ်လေကွာ”

ဘာမှပြန်မပြောပဲငြိမ်ခံနေတာကို ဇာတ်လမ်းကစလာပြန်ပြီ။

လျစ်လျူရှုပြီး ရေချိုးခန်းဝင်ဖို့တွေးစဉ် ဝေယံကနေရာကထလာတော့ တစ်ခုခုထလုပ်ပြီအမှတ်နဲ့ လန့်ပြီးခုတင်ပေါ်ချနေတဲ့လွယ်အိတ်နဲ့ ကောက်ပေါက်ပစ်လိုက်တယ်။

“အာ့”

လွယ်အိတ်ထဲလည်း ပုံနှိပ်ကြီးတွေက မနည်းမနှောဆိုတော့ ဝေယံအတော်အီထွက်သွားမှာသူသိလိုက်တယ်။

“ဘာလုပ်တာလဲကွ! ရေသောက်မလို့ဟာကို”

ပခုံးရိုးကိုအသာဖိရင်းညည်းညည်းညူညူပြောလိုက်တဲ့ဝေယံကြောင့် သူ အားနာသွားပြီး မသက်မသာလေးရယ်လို့ရယ်။

“sorry ဗျာ၊ ကျွန်တော့်ကိုဆော်မယ်ထင်လို့ လုပ်မိလုပ်ရာ”

“အေး..အခုမှ တကယ်ဆော်မှာ”

နှာပွပြီးသူ့ဆီလာနေတော့ သူ့ခုတင်ပေါ်တက်ပြေးရင်း ဝေယံကလိုက်ဖမ်းရင်း ရှောင်လိုက်တိမ်းလိုက်ဖြစ်နေစဉ် ဝေယံဟာ ခုတင်နှစ်လုံးကြားထဲ‌ရောက်သွားတော့ ဝရံတာနားရောက်နေတဲ့ဖိုးဥ သန့်စင်ခန်းထဲဝင်ပြေးဖို့ အခွင့်သာသွားတယ်။

“မိရင်မင်းအ‌သေပဲ”

“ဟား မိအောင်ဖမ်းစမ်းပါဦး”

ခုန်ပေါက်ပြီး သန့်စင်ခန်းနားအရောက် ဝေယံကခုန်အုပ်ဖို့ပြင်ပေမဲ့ ကံမကောင်းအကြောင်းမလှ ‌ခုတင်ခြေရင်းနဲ့တိုက်ကာ ‌လဲတယ်။

Light up my nightWhere stories live. Discover now