part 16

198 21 13
                                    

“ကိုကိုရေ!!!!”

ဖိုးဥကို ဝေယံ့လက်ထဲအပ်ခဲ့ပြီး လမ်းမတန်းမှ ရွေးမပြန်ပဲ Mall အနောက်ဖက်လမ်းမှပြန်ခဲ့တဲ့ဂျွန်ဟိန်း လက်တဝက်တင် စစ်နိုင်နဲ့တိုးတယ်။

အများအကျိုးဆောင် ကိုယ့်ကျိုးအောင်တဲ့ ကံတရားကတော့ ဂျွန်ဟိန်းကို မျက်နှာသာတွေပေးနေပြီနဲ့တူပါရဲ့။

စစ်နိုင်က အိမ်ပြန်မှာဆိုတော့ သာမာန်တီရှပ်ညိုတစ်ထည်ကို ဂျင်းပင်န် တွဲဝတ်ထားရင်း sneakers ဖြူဖြူနဲ့ လွယ်အိတ်တစ်လုံးကိုသာ လွယ်ထားတယ်။

“ဟ...မင်း!!!”

အူယားဖားလျားပြေးလာတဲ့ဂျွန်ဟိန်းက လျှာထိုးအုပ်ထုပ်အနက်ကိုဆောင်း navy ရောင် oversized တီရှပ် ဘောင်းဘီတိုနဲ့ ကြိုးတိုထားတဲ့လွယ်အိတ်ခပ်သေးသေးကတော့ ရင်ဘတ်မှာကပ်လျက်။

“မင်း!! ချ...ချ‌ပေး!!!”

ဆွဲပွေ့ခါရမ်းနေတာကြောင့် စစ်နိုင်အမြင်မှ ရွှေရောင်ဆံနွယ်တွေဟာ လှုပ်တုပ်လှုပ်တုပ်။

လမ်းမကြီးမှာ ရွစိပိုးထိုးနေတာ ဒီဂျွန်ဟိန်း မရှက်တက်ပြန်ဘူးလား။ သူကတော့ရှက်လွန်းလို့ ပူထူလာပြီး ရုန်းကန်နေပေမဲ့ ဂျွန်ဟိန်းကလည်း အသေကိုပွေ့ချီပြီး တော်ရုံနဲ့မချပေး။

“ဟီးဟီး ဘယ်သွားမို့လဲ”

မတရား‌ရုန်းကန်တော့မှပဲ ဂျွန်ဟိန်းက သူ့အားလမ်းမအပေါ်ချပေးပြီး သဘောတကျပြုံးနေပြန်တယ်။

“အိမ်ပြန်မလို့”

“ကျွန်‌တော်လိုက်မယ်”

“ဘယ်သူကခေါ်လို့လဲ လစ်!!”

နေရာကထွက်သွားဖို့လုပ်တော့ ဂျွန်ဟိန်းက အတင်း သူ့လက်လာဆွဲပြီး ချွဲတယ်။

“လုပ်ပါ ကိုကိုရာ...ကျွန်‌တော်လိုက်မယ်လို့”

“မရဘူး သွား!!”

ဆောင့်တွန်းပစ်လိုက်တာအနည်းငယ်ကြမ်းသွားတာကြောင့် စစ်နိုင်အားနာသွားပြီး ဂျွန်ဟိန်းကိုကြည့်မိတော့ လမ်းခလယ်ခေါင်မှာ ရပ်နေတယ်။ ပြီးတော့ မျက်နှာက ချက်ချင်းကိုမှုန်ကုပ်လာတယ်။

“ကိုကိုက ကျွန်တော့်ကို မလိုချင်ဘူးလား”

“အေး”

Light up my nightWhere stories live. Discover now