part 26

188 15 6
                                    

“ကျွန်တော်လာခေါ်ပါတယ်”

ဖိုးဥအဖေကို ဝေယံလှမ်းပြောတော့ မျက်နှာထားတင်းတင်းနဲ့ အင်းမလုပ်အဲမလုပ်။

ချစ်ချစ်ကတော့ ပြုံးစိစိလုပ်ကာ အိတ်တွေကို သူတို့အနား ထုတ်လာတယ်။

ဝေယံဆွဲကူပြီး ‌ကားနောက်ခန်းထဲထည့်တော့ ဖိုးဥအဖေက မျက်ခြေမပြတ်လိုက်ကြည့်နေတုန်း။

ဝေယံက မသိချင်ယောင်ဆောင်ပြီး ဖိုးဥတို့မောင်နှစ်မနှစ်ယောက်ရဲ့ပစ္စည်းတွေကို သေချာစီထည့်လိုက်ပြီး နောက်ခန်းပြန်ပိတ်လိုက်တယ်။ 

“ဂရုစိုက်ကြဦး ပညာတော်သင်သွားမှာဆိုတော့ တစ်ယောက်တည်းဖျားနာနေရင် ဘယ်လိုလုပ်မှာတုန်းလို့ အီး....ငါ့သား‌လေး...”

ဖိုးဥအမေက ငိုယိုပြီးထပြောတယ်။

“ချက်ချင်းကြီးသွားမှာမဟုတ်ပါဘူးမေမေရယ် ‌နှစ်ကုန်ပိုင်းလောက်မှပါ”

သူ့အမေအပြောက မသိရင် ခုချက်ချင်းပဲ ပညာတော်သင်ထွက်တော့မလိုနဲ့။

“ဟုတ်ပါတယ်‌မေမေရယ် ပြီးတော့ မြို့မှာ ကိုဝေယံတစ်ယောက်လုံးရှိနေတာပဲ မေမေ့သားကို သူဂရုစိုက်မှာပေါ့”

“ဟုတ်ပါတယ်အဒေါ် စိတ်မပူပါနဲ့ တကယ်လို့ ကလေးကိုတွေ့ချင်ရင်လည်း ကျွန်တော့်ကိုအချိန်မရွေးလာခေါ်ခိုင်းပါ လတ်တလော ကျွန်တော်က ကျောင်းပြီးထားတော့ အားနေမှာ အဲ့ကြောင့် အားမနာပါနဲ့”

“ကျောင်းပြီးပြီဆိုတာနဲ့ အေးဆေးနေလို့ရမလား လေ့လာစရာရှိတာလေ့လာဦးမှပေါ့ မဟုတ်ရင် ငတုံးဖြစ်နေခဲ့မယ်”

ငြိမ်နေခဲ့ပြီးမှ ဝေယံ့ကို ထရွဲ့တဲ့ဖိုးဥအဖေ။ ဝေယံကလည်း သူ့ကို ဖိုးဥနဲ့သဘောတူပေးထားတဲ့ ကျေးဇူးတွေထောက်ပြီး ခေါင်းညိတ်ထောက်ခံလိုက်ပါတယ်။

“ဟုတ်တယ် ဦးလေးပြောသလိုပဲ ကျွန်တော်အလုပ်အတွက် လေ့လာစရာတွေလေ့လာမှာပါ”

ဝေယံ့စကားကိုမကျေနပ်ချင်ယောင်ဆောင်ပြီးချောင်းတွေဘာတွေဟန့်တယ်။ ဖိုးဥအမေကတော့ မျက်ရည်တွေသုတ်ထုတ်ပြီး နှာတရှုံ့ရှုံ့နဲ့။

Light up my nightDonde viven las historias. Descúbrelo ahora