ညနေကရှက်လို့ထင်ပါရဲ့ ရေချိုးခန်းအကြာကြီးဝင်ပြီးမှ ကလေးကထွက်လာတယ်။
သူ့ကိုအကဲခတ်နေဟန်ရလို့ မသိချင်ယောင်ဆောင်ပေးလိုက်တော့ ဒီအတိုင်းထိုးအိပ်သွားတယ်။ ဖျားတော့မှာပဲထင်မိတာ ထင်တဲ့အတိုင်းဖျားတော့တာပဲ။
“မင်းဖျားနေပြီ”
ပူကျစ်နေတဲ့နဖူးအပေါ် လက်ဖိစမ်းရင်း သက်ပြင်းတချက်ရှိုက်ကာ သူပြောလိုက်တော့ စောင်ထဲကွေးရင်း မျက်နှာလေးတချပ်သာထုတ်ထားတဲ့ဖိုးဥက နှာခေါင်းလေးသာရှုံ့ပြတယ်။
“ငါဆန်ပြုတ်ဝယ်ပေးမယ်၊ စားပြီးဆေးသောက်ရမယ်”
“သောက်ချင်ဘူး”
အရင်လိုစွာတေးလန်မဟုတ်တော့ပဲ ဖျားနေတာဆိုတော့ အသံလေးက ခပ်ပျော့ပျော့သာထွက်လာတယ်။
“မသောက်လို့မရဘူး၊ အဖျားမပျောက်ပဲနေမှာပေါ့”
မကျေနပ်ပေမဲ့လက်ခံသွားဟန်ရတာကြောင့် ဘေးစားပွဲပေါ်က အဆင်သင့်လုပ်ထားတဲ့ ကော်ခွက်လေးထဲက ရေစိုဖတ်အား ယူညှစ်ပြီး ဖိုးဥနဖူးပေါ်ကို တင်ပေးလိုက်တယ်။
“မဖယ်ပစ်နဲ့နော် ကြားလား”
“အင်း”
ဖျားနေတော့လည်း မပစ်ရက်တာက သူပဲမို့ ဝေယံ ကားသော့ဆွဲပြီး အခန်းတံခါးကိုဆွဲအဖွင့်...။
“ကိုကြီး...”
ခပ်တိုးတိုးလေးလှမ်းခေါ်တဲ့ဖိုးဥကြောင့် သူလှည့်ကြည့်တော့...။
“မြန်မြန်ပြန်လာနော်”
ပြောပြီးမျက်နှာကိုစောင်ဖြင့်ဖွက်ပစ်လိုက်တာက သူ့ရင်ကိုကလိကလိလုပ်ဖို့များကြံရွယ်သလားမသိ တစ်ကိုယ်လုံးကြက်သီးမွေးညင်းပါထောင်သွားတယ်။
“အင်း ...မကြာဘူး၊ ခဏပဲ”
အပြင်ထွက်တဲ့တိုင်အောင် အံကိုကြိတ်ရင်း စိတ်ထဲတဝဲဝဲလည်လည်ဖြစ်နေတဲ့ အတွေးတစ်ခုက ချစ်စရာလေး.....။
ထိုနေ့ကမနက်တပိုင်းလုံးဖိုးဥကိုဂရုစိုက်နေရတာကြောင့် ဝေယံအတန်းမတက်ဖြစ်။ သက်ဆိုင်ရာဆရာဆရာမတွေဆီကိုလည်း ကိုယ်တိုင်ကိုယ်ကျဖုန်းဆက်ပြီး ဖိုးဥအတွက်ခွင့်တိုင်ပေးရတယ်။
YOU ARE READING
Light up my night
Short StoryCover by Gust တိုမယ်၊ ရိုမယ်၊ ချိုမယ် အပျော်သဘောနဲ့ရေးတာဆိုတော့ ဖတ်ရှုရင်း အနည်းငယ် ပြုံးပျော်နိုင်ရင်ကို ရေးရကျိုးနပ်ပြီ #Thethirdschoollifefiction October 30 to ..... November 25, 2023