“အချိန်ကိုမလေးစားတဲ့ခွေးသူတောင်းစား”
တွေ့ဖို့ချိန်းထားပြီး ကြိုမရောက်နေတဲ့ ဟာလဝါကောင်ကို မေတ္တာပို့ပစ်လိုက်တယ်။ မကြာပါဘူး ခဏနေတော့ မြတ်နိုး ရောက်လာတယ်။
“အဟမ်း”
အနောက်ဖက်ကနေ ချောင်းဟန့်ပေမဲ့ မသိချင်ယောင်ဆောင်ပေးလိုက်တော့ စားပွဲရှေ့ထိ ကြွလာပြီး စားပွဲကို လက်နဲ့လာခေါက်တယ်။
“အဟမ်း အဟမ်း”
“ရောက်ပြီလား ငါကဘယ်က တီဘီရောဂါသည်လဲလို့”
“မင်း!!”
သူ့စကားကို ဟာလဝါကောင်က ဒေါသတွေဖြစ်ကာ လက်ညိုးတထိုးထိုးဖြစ်လာပေမဲ့ သူ့ဘာ့သူပဲ စိတ်လျော့သွားဟန်ရတယ်။
“မင်းလိုကလေးမျိုးကို သူဘာကြည့်ကြိုက်လဲ ငါတွေးလို့ကိုမရဘူး”
“ဘာလဲ မနာလိုနေတာလား”
“ဟက်...အားနာပေမဲ့ သူက အချိန်တန်ရင် ငါ့ဆီပဲပြန်ရောက်လာမှာ...မင်းဆိုတာမျိုးက အပျော်ပဲ”
လက်ညိုးထိုးပြီး သေချာနေသလိုပြောလာတော့ အနည်းငယ်တော့ သူ့စိတ်ထဲစိုးရိမ်သွားတယ်။
ဝေယံ့အကြောင်းကိုက သူကောင်းကောင်းမွန်မွန် သိထားတာမျိုးမရှိဘူးမလား။အဲ့လိုဆိုတိုင်း အလျော့ပေးလိုက်စရာအကြောင်းမှမရှိတာပဲ။ ဒါကြောင့် မာန်တင်းရင်း နှုတ်ခမ်းကိုရွဲ့ပစ်လိုက်တယ်။
“အားနာတဲ့စကားကငါကပြောရမှာ... ဘယ်လိုလုပ်မလဲ ကိုကြီးက ငါ့အပိုင်ဖြစ်နေပြီလေ အဲ့တော့...”
စကားစကိုတမင်ဖြတ်ရင်း လက်အမူအယာနဲ့ နှင်လွှတ်တော့ ဒေါသတွေထွက်ပြီး ဟာလဝါကောင်က စားပွဲပေါ်ခြေထောက်တင်ကာ သူ့ကိုစိမ်းစိမ်းစူးစူး စိုက်ကြည့်တယ်။
သူကလည်းဘယ်ရမလဲ ခြေထောက်လိုက်တင်ရင်း မျက်လုံးချင်းစစ်ခင်းပစ်တာပေါ့။ အဲ့တာကို ဟာလဝါကောင်က ယုတ်မာပြီး သူ့ဆံပင်ကိုထဆွဲတယ်။
“အား...မင်း သေမယ်”
“အားး”
“ငါ့ဆံပင်ကိုလွှတ်လိုက်စမ်း!! မင်းက ငါ့အပိုင်လို့ ပြောနေတယ်”
YOU ARE READING
Light up my night
Short StoryCover by Gust တိုမယ်၊ ရိုမယ်၊ ချိုမယ် အပျော်သဘောနဲ့ရေးတာဆိုတော့ ဖတ်ရှုရင်း အနည်းငယ် ပြုံးပျော်နိုင်ရင်ကို ရေးရကျိုးနပ်ပြီ #Thethirdschoollifefiction October 30 to ..... November 25, 2023