part 13

212 20 10
                                    

Adult content ပါရှိပါ၍ ၁၈အောက် ကလေးငယ်များအတွက် မသင့်တော်ပါ။

နာရီက ၉ စွန်းလာတော့ ဝေယံဖင်လုံးဝမငြိမ်တော့။ အဆောင်မှူးဦးလေးက အပြင်ထွက်တာနဲ့ပတ်သတ်ပြီး မတင်းကြပ်ပေမဲ့ ဖိုးဥများ အကဲလွန်ပြီး သူများနောက်ပါသွားသလားတွေးမိတော့ ခုတင်ပေါ်မှ ထကာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိတယ်။

Dee....Dee....

Vibrate တုန်လာတဲ့ဖုန်းကြောင့် ဖုန်းကိုဆွဲကာကောက်ကိုင်လိုက်ပြီးတဲ့နောက် ဝေယံ အခန်းထဲမှ ဝရုန်းသုန်းကားပြေးထွက်သွားတော့တယ်။

“ကိုရီးး...ဟီးဟီး”

ဆွဲပွေ့ထားတာကိုတောင် ယိုင်လဲချင်နေတဲ့ဖိုးဥ။

သူအတော်စိတ်ပေါက်သွားတယ်။ သေချာမှာလိုက်သားနဲ့ ၉နာရီကျော်မှ အဆောင်ပြန်ရောက်လာသလို လာပို့သူကလည်း တစိမ်းတစ်ယောက်။

တော်သေးတာက အဆောင်မှူးက အရက်သောက်လာတာကိုလည်း သိပ်မပြော မျက်နှာထားတည်ကြီးနဲ့ပဲ လိုက်ကြည့်နေပေလို့။
ဟိုပြောင်းဖူးမွှေးကလည်း သူမှာလိုက်ရဲ့သားနဲ့ကို ကလေးကိုသေချာမကြည့်ထားဘူး။

“တိတ်တိတ်‌‌နေစမ်း မင်းအသံကြီး တစ်ဆောင်လုံးကို ကြားစေ‌ချင်နေတာလား”

“ခစ်ခစ်...ကြားပါ‌စေပေါ့”

ရယ်သံလေးကအစ မူးနေတော့ ချစ်စရာ။ ပါးပြင်နှစ်ဖက်စလုံးဟာလည်း နီရဲရဲလေးနဲ့ အရက်သမားလေးက သိပ်ကိုချစ်ဖို့ကောင်းနေတယ်။

“သေချာထိုင် နံဟောင်နေတာပဲ”

ခုတင်ခြေရင်းမှာထိုင်ခိုင်းလိုက်ပြီး ဗီရိုထဲကတီရှပ်တစ်ထည်ယူပြီး လဲပေးမလို့ကြည့်တော့ ဖိုးဥက ထိုးအိပ်နေပြီ။

“ဟ... အဲ့အတိုင်းကြီးထိုးမအိပ်နဲ့လေကွာ”

“ဘာယဲ...ဘာယဲ...ဘယ်သူယဲ”

“မင်းဖေ မင်းဖေ”

“ခစ်ခစ် ညာတာ”

ဆွဲထူပြီး လဲမသွားအောင်ထိန်းလို့ အဝတ်အစားတွေကို ချွတ်ထုတ်ပေးလိုက်တယ်။ အသားစိုင်တွေကို ထိမိတော့ အိအိကလေးတွေနဲ့ သိပ်ကိုဆွဲဆောင်လွန်း။

Light up my nightWhere stories live. Discover now