part 23

163 17 10
                                    

“ကလေးရေ”

မနက်အစော ဘုန်းကြီးကျောင်းသွားချင်တယ်ပြောလို့ ယောက္ခမနှစ်ယောက်နဲ့ချစ်ချစ်ကို ဘုန်းကြီးကျောင်းပို့ပေးခဲ့လိုက်တယ်။

အပြန်မှာလည်း ဈေးဝင်ချင်တယ်ဆိုတော့ဈေးပတ်ပို့တော့ သဘောကျနေတဲ့အဒေါ်က တွေ့သမျှလူနဲ့မိတ်ဆက်ပေးတယ်။

ဦးလေးက လယ်ထဲအလုပ်ရှိတယ်ပြောလို့ လိုက်ပို့ပေးလိုက်ပြီး အခုမှ အိမ်ပြန်ရောက်‌တော့တယ်။

သားအမိနှစ်ယောက်ကတော့ သူ့အတွက်ရှယ်ချက်ပေးမယ်ပြောပြီး မီးဖိုခန်းဝင်နေကြတယ်။
ကလေးနဲ့က အခုထိမတွေ့ရသေး။ မနက်က‌တည်းက အိပ်ပျော်နေတဲ့ကလေးကိုသူ့မှာ ပါးလေးနမ်းပြီးသာ နှုတ်ဆက်ခဲ့ရတာ။

“ကလေးရေ”

ခေါ်ပေမဲ့ထူးသံမကြားတာကြောင့် အပေါ်ထပ်ကိုတက်ခဲ့လိုက်တော့ ခေါင်းချင်းဆိုင်ပြီး ဝိုင်းအုံ‌ရင်း ဆောင့်ကြောင့်ထိုင်နေကြတဲ့  ကလေးတသိုက်ကိုတွေ့တယ်။

“ရပြီ အဆင်သင့်ပြင်”

ဖိုးဥပြောလိုက်တာနဲ့ ကျန်ကလေး‌ လေးယောက်က စက္ကူကြိုးကြာရုပ်တွေကို သစ်သားချောင်းတစ်ချောင်းကျော်ဆီတွင်ချ နေရာယူကာဖြင့် လက်ထဲမှာလည်း အလှူမှရတဲ့ယပ်တောင်တွေကို ကိုယ်စီကိုင်ထားကြသေးတယ်။

“Ready.... Go”

ဖိုးဥအော်ပြီးတဲ့နောက် မြေဖြူသုံးကာဆွဲခြစ်ထားတဲ့စမှတ်ကနေ ကလေးအားလုံးဟာ ယပ်တောင်ကိုသုံးလို့ ကြိုးကြာအား သစ်သားချောင်းပေါ်မှာ ရှေ့ကိုရောက်အောင်ခပ်ကြလေရဲ့။

ဘဲသွားသွားရင်း တစ်ကယ့်ကလေးတွေနဲ့ယှဉ်တော့လည်း အနိုင်ရသူက ဖိုးဥပါပဲ။

“‌ရေ့....ငါနိုင်ပြီကွ”

“ကိုကြီးဖိုးဥပဲ နိုင်နေတာ‌ဗျာ”

ညည်းညည်းညူညူပြောလိုက်တဲ့ကလေးတွေကိုရယ်ရင်း အပေါက်ဝနားတံခါးဘောင်ကိုမှီရပ်ရင်း ပြုံးကြည့်နေတဲ့သူ့ကို ဖိုးဥက သတိထားမိသွားတယ်။

“ကိုကြီး”

လက်ကလေးနောက်ပစ်ကာ လျှောက်လာနေပုံက အူယားစရာလေး။ အနားလာရပ်ရင်း ပြုံးပြနေတာကြောင့် ပါးတွေကမို့တက်နေတာ မွှေးကြူချင်စရာ။

Light up my nightDonde viven las historias. Descúbrelo ahora