part 1

468 27 21
                                    

“မမချစ်!!”

“ငါ့မောင်လေး!!!!”

အားရဝမ်းသာပြေးဖက်ကြတဲ့ ပုလုံးလုံးမောင်နှမနှစ်ယောက်ကြောင့် အနီးရှိလူတွေတောင် ပြုံးစိစိ ဖြစ်ကုန်ကြတယ်။

နှစ်ယောက်စလုံးကလည်း ခုန်ပေါက်ခုန်ပေါက်နဲ့ နှစ်ရှည်လများကြာအောင် ကွဲကွာပြီးမှ ပြန်တွေ့ကြတဲ့အတိုင်း။

“လှလာလိုက်တာ မမရာ”

ရွာမှာနေသလို ရှပ်အင်္ကျီပွပွ၊ ထမိန်စွန်တောင်ဆွဲဝတ်တာမျိုးမဟုတ်တော့ပဲ ပါတိတ်ဝမ်းဆက်နဲ့ လှပနေတာမို့ ဖိုးဥ သူ့အစ်မ ချိုချိုချစ်ကို မချီးကျူးပဲ မနေနိုင်တော့။

“အံမယ်၊ အပြောကောင်းတယ်၊ လာ.. ကန်တင်းထဲသွားကြမယ်”

ချစ်ချစ်က သဘောတကျပြောပြီး သူ့လက်မောင်းကိုလာချိတ်တော့ သူလည်းခပ်ပြုံးပြုံးနဲ့ ‌IC ကျောင်းရဲ့ Main Building ဖြစ်တဲ့ ရွှေအိုရောင်နာရီစင်ကြီးရှေ့ကနေထွက်ခဲ့လိုက်တော့တယ်။

ဖိုးဥတို့မိဘတွေက နယ်သူဌေးတွေဆိုတော့ သားသမီးနှစ်ယောက်ကို ဘာမဆိုဖြည့်ဆည်းပေးပြီး အလိုလိုက်ထားတယ်။

ပြီးတော့ ဖိုးဥမွေးကာမှ အမျိုးတွေကြောင့် ဖြစ်ရတဲ့ရန်တွေငြိမ်းပြီး စီးပွားတွေလည်း အရင်ကထက်ပိုတက်လာတော့ ဖိုးဥနာမည်ကိုတော့ စစ်မာန်ငြိမ်းဆိုပြီး ပေးခဲ့ကြတယ်။

ဒါပေမဲ့ ဖိုးဥက ဖြူဖြူလုံးလုံးကစ်ကစ်ကလေး‌ဆိုတော့ အိမ်ခေါ်နာမည်က ဖိုးဥဆိုပြီးဖြစ်နေတာ။  တရွာလုံးကလည်း အဲ့နာမည်ပဲခေါ်ကြတော့တာ နာမည်အရင်းပါပျောက်နေပြီ။

အိမ်လည်လာလို့ စစ်မာန်ငြိမ်းတို့အိမ်ဆိုပြီးမေးကြည့်ပါလား။ ဘယ်သူမှမသိဘဲ ဖိုးဥတို့အိမ်ဆိုမှ သိကြတာမျိုး။

“မိုက်တယ်‌နော်၊ ကျောင်းကောင်းလို့မပြောရဘူး၊ ကန်တင်းကအစ အမိုက်စား”

ဟိုဟိုဒီဒီလျှောက်ကြည့်ပြီး လက်ထဲကစားစရာဗန်းလေးကို စားပွဲပေါ်ချလိုက်တယ်။ လွယ်လာခဲ့တဲ့ လွယ်အိတ်ပြာလေးကိုတော့ ဘေးခုံမှာချိတ်လိုက်တယ်။

ထိုင်ခုံဆွဲပြီး ဝင်ထိုင်လိုက်တော့ ချစ်ချစ်က သူနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ရင်း ခေါင်းညိတ်ထောက်ခံတယ်။

Light up my nightWhere stories live. Discover now