part 20

207 19 10
                                    

အဆောင်နဲ့ဒီဘားက သိပ်အဝေးကြီးမဟုတ်ဘူးဆို‌ပေမဲ့ လျှောက်ရတာတော့ သိပ်မလွယ်။
ဒီ့အပြင် သူ့မှာ ခွစရာဆိုင်ကယ်ကော စီးစရာကားရော မရှိဘူးလေ။

ဆက်ပိုင်ကိုလှမ်းခေါ်ရင် လာပေးမှာသူသိပေမဲ့ အားနာလို့မခေါ်ချင်။ ကျန်းမာရေးအတွက် လမ်းလျှောက်တယ်ပဲတွေးကာ လျှောက်လာခဲ့တဲ့ စစ်နိုင် လမ်းတဝက်မှာ ဂျွန်ဟိန်းနဲ့တိုးတယ်။

“ကိုကို!”

“ဟာ....မင်း”

ရုတ်တရက်ကြီးဆိုတော့ ဘယ်ပြေးရမှန်းမသိ၊ ဂျွန်ဟိန်းက အနားကိုပြေးလာရင်း အရင်အမောဖြေနေလေတော့ ဘယ်‌ရောက်မှန်းမသိတဲ့သူ့ကိုများ ပြေးလွှားပြီးလိုက်ရှာနေသလားဆိုတဲ့ အတွေးဝင်လာတယ်။

“မင်း ဒီအထိ ပြေးလာတာလား”

မော့ကြည့်လာတဲ့မျက်ဝန်းလေးက စိုးရိမ်တကြီး။ ချွေးစိုနေတဲ့နဖူးမှာလည်း ဆံပင်တွေတောင် တွယ်ကပ်နေ‌သေး။

“ဘာလို့ဖုန်းပိတ်ပစ်တာလဲ တစ်ခုခုဖြစ်ပြီထင်နေတာလေ”

စိုးရိမ်ပြီးပြေးလာတယ်ဆိုတော့ ရင်ထဲမရိုးမရွနဲ့ ခံစားချက်က ဘယ်လိုပြောရမှန်းကိုမသိဘူး။

“စိတ်ပူပြီးပြေးလာရတာ သေမလိုပဲ သိလား”

ပခုံးကိုဆုပ်ကိုင်ရင်း မျက်ဝန်းတွေထဲစိုက်ကြည့်ပြီး ပြောလာတော့ စစ်နိုင် ရှောင်ဖယ်ရုန်းထွက်ရင်းသာ။

“ဘယ်...ဘယ်သူက‌ပြေးလာခိုင်းလို့လဲ”

“အဲ့တာ ဘယ်သွားဦးမှာလဲ”

“ဘယ်သွားသွား‌ပေါ့”

စစ်နိုင်က ‌ရှက်ပြီးရှေ့မှ ခပ်သုတ်သုတ်လျှောက်တာကို ဂျွန်ဟိန်းက ပြေးချလာပြီး လက်ဆွဲကာ အဆောင်လမ်းအမှောင်ထဲဆွဲခေါ်သွားတယ်။

“ဂါး...ဘယ်ကိုဆွဲ‌တာလဲ မလိုက်ဘူး”

ခြေကန်ပြီးပြန်ဆွဲပေမဲ့ ဘောသမားဂျွန်ဟိန်းကို စစ်နိုင် မနိုင်ပဲ လမ်းအမှောင်ထဲသို့ ပါသွားလေတယ်။

“မင်းနော် မဟုတ်တာမလုပ်နဲ့”

မှောင်နဲ့မည်းမည်း ပြောသာပြောရတယ် ဂျွန်ဟိန်းကိုလည်း သူကြောက်တယ်။

Light up my nightWhere stories live. Discover now