part 12

209 21 6
                                    

“Dorago!!!!”

အော်ဟစ်ကာအားပေးလေတဲ့ဖိုးဥ။ စစ်နိုင်နဲ့ဝေယံကတော့ ဘေးမှာထိုင်ပြီး တခွီးခွီးရယ်နေကြတယ်။

ပွဲကဖြင့်စတောင်မစသေး။ အသားကုန်အော်နေတာကြောင့် ဖိုးဥ မကြာခင် အသံဝင်နိုင်ခြေရှိနေပြီ။

“ရွှီး...”

“Dorago Dorago”

“ကွေ့တယ်ပတ်တယ်တပတ် ကျော်ချတယ် ကန်ပြီ!!!! ဂိုးးးးးးးဂိုးပါတယ်ခင်ဗျာ”

“ရေးးးးး အားးးးးးး”

ဖိုးဥထအော်တာများ ဘေးကဝေယံတို့နှစ်ယောက် နားကွဲတော့မလို့။

သူတို့မှာပွဲကြောင့်ရင်ခုန်ရတာထက် ဖိုးဥအော်လို့ရင်တုန်ရတာကခပ်များများဖြစ်နေပြီ။

“ဂျွန်ဟိန်း! ဂျွန်ဟိန်း!”

“ကျောနံပါတ် ၂၂ ညာတောင်ပံတိုက်စစ်မှူးဂျွန်းဟိန်းပါဗျ... သွင်းသွားတာ လှတယ်ဗျာ”

စစချင်း ပွဲထွက်လှသွားတဲ့ဂျွန်ဟိန်း။ ပွဲကြည့်စင်ကိုလှမ်းကြည့်‌တော့ အသားကုန်အော်ဟစ်နေတာကြောင့် ထွေထူးပြီးရှာစရာမလို ဖိုးဥတို့ကိုချက်ချင်းမြင်ရတယ်။

လက်လှမ်းပြရင်း အဖေတွေအပြင် ဖိုးဥတို့ပါ သူ့အတွက် အားလာ‌ဖြည့်ပေးတာကြောင့် အားတက်ပြီးကန်ချပစ်လိုက်တာ ၆ ဂိုး ၁ ဂိုးနဲ့ပွဲသိမ်းသွားတယ်။

“ကိုကို..”

လူကြားထဲတိုးခွေ့ပြေးလာပြီး ခေါ်တာက စစ်နိုင်ကိုဆိုတော့ ဝေယံက ဘယ်လိုမှမနေပေမဲ့ ဖိုးဥကတော့ အတော်ချဉ်သွားတယ်။

“ငါ့ကျ နှုတ်မဆက်ဘူး မင်း...”

ဆီးကြိုကာ ဂျွန်ဟိန်း‌ခေါင်းကို ဖိုးဥပိတ်ထုတော့ ဝေယံကအပြုံးကြီးကြီးပြုံးလို့ စစ်နိုင်ဟာတော့ မသက်မသာလေးသာ ရယ်ရတော့တယ်။

“ဟီးဟီး ငါ့သူငယ်ချင်းလေးလိုက်ခဲ့ဦး ဒယ်ဒီတို့နဲ့ မိတ်ဆက်ပေးဦးမယ် ကိုကိုရောလိုက်ခဲ့”

ဝေယံ့ကိုတော့ ဂျွန်ဟိန်းက လှည့်ကြည့်ကာ..။

“ခင်ဗျားကတော့မလိုက်ခဲ့နဲ့”

မဲ့ပြုံးကြီးနဲ့ဝေယံက လက်ခလယ်ထောင်ပြတယ်။ ဂျွန်ဟိန်းကလည်း ပြန်ထောင်ပြပြီး ဖိုးဥနဲ့စစ်နိုင်ကိုဆွဲခေါ်ကာ အနားကထွက်သွားတယ်။

Light up my nightWhere stories live. Discover now