part 27

184 15 2
                                    

ပြည်ပထွက်မှာဆိုတော့ ဖိုးဥ program ပြောင်း join ရတယ်။ ကနေဒါက ပြင်သစ်နဲ့အင်္ဂလိပ်ဘာသာကိုအဓိကထားတဲ့နိုင်ငံဆိုတော့ ဘာသာစကားအတန်းချိန်ကိုလည်း သူလွတ်လို့မဖြစ်။ စာလုပ်စရာက နဂိုကထပ်များလာတော့ အရင်လိုလျှောက်သွားဖို့တောင်အချိန်မရှိတော့ဘူး။

ဝေယံက ဘေးကနေ အစစအရာရာဖြည့်ဆည်းပေးလို့တော်သေးတယ်ပြောရမယ်။

“ကလေးရေ ကိုယ် ကိုဇိုင်းမွေးနေ့မို့ ကိုဇိုင်းဆီခဏသွားလိုက်ဦးမယ်”

ပါးကိုနမ်းရင်း ခပ်တိုးတိုးပြောတာကြောင့် သူပြုံးလိုက်မိတယ်။ သူစာလုပ်နေတာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဝေယံက အသံတောင်ကျယ်ကျယ်မပြောတော့ဘူး။

“အင်း ညမနက်စေနဲ့”

“အင်း မနက်‌စေရဘူး၊ တစ်ခွက်နှစ်ခွက်သောက်ပြီးရင် ပြန်လာခဲ့မယ်”

ပြုံးပြရင်း တံခါးပိတ်တဲ့အထိ လက်ပြသွားသေးတာ။ ဝေယံထွက်သွားပြီးမှ သူလည်း စာပြန်ဖတ်နေလိုက်တယ်။

လေ့လာစရာတွေက မနည်းဘူး။ စာမေးပွဲအချိန်မှီ သူလုပ်နိုင်ဖို့ပဲမျှော်လင့်တယ်။

သိပ်မကြာလိုက်ဘဲ အခန်းဘဲလ်သံပေါ်ထွက်လာတယ်။ ဝေယံမဟုတ်တာတော့ သူသိသဖြင့် ထိုင်ခုံကထပြီး တံခါးသွားဖွင့်ပေးလိုက်တော့ ဂျွန်ဟိန်းအပြင် စစ်နိုင်လည်းပါလာတယ်။

“Yo...မင်းဦးနှောက်ပျက်ပြီလား လာကြည့်တာ”

ရွှတ်နောက်နောက်နဲ့ ဂျွန်ဟိန်းကပြောပြီး အခန်းထဲဝင်ချသွားတယ်။ စစ်နိုင်ကတော့ သူ့ကိုအားနာသွားသယောင်နဲ့ အနောက်မှလိုက်ဝင်လာတယ်။

Official တွဲနေကြပြီဆိုတော့ ဆိုင်သူဖြစ်တဲ့စစ်နိုင်က ဂျွန်ဟိန်းလုပ်သမျှကို လိုက်အားနာနေတော့တာပဲ။

“စာကြည့်နေတာလားခုထိ”

ညဖက်ကို အရင်ဆို အေးဆေးထိုးအိပ်နေလောက်မှာပေမဲ့ အခုထိစာလုပ်နေသေးတာက စားပွဲမှာဖွင့်ထားတဲ့စာအုပ်က သက်သေပြနေတယ်။

“အင်း နားပါပြီ”

နှစ်ယောက်အတွက် ခုံဆွဲပေးလိုက်ပြီး ဧည့်ခံစရာမုန့်တွေရှာဖွေရတယ်။ စာကြည့်လိုက်စားလိုက်ဆိုတော့ ဝေယံဝယ်ပေးထားတာတွေက ကုန်ပြီလားလည်း မပြောတက်။

Light up my nightWhere stories live. Discover now