Botany ကျောင်းဆောင်အောက်ထဲ လျှောက်နေတဲ့ဂျွန်ဟိန်း မျက်လုံးတို့က ဂနာမငြိမ် ဟိုရှာသည်ရှာနဲ့။
အတန်ကြာတဲ့အထိ ရှာနေတဲ့ပစ္စည်းမတွေ့ဘူးလားမသိ ရုပ်က မှုန်ကုပ်ကုပ်ဖြစ်လာတယ်။“ခဏလေးပါဗျ”
အနားမှဖြတ်သွားတဲ့အစ်မနှစ်ယောက်က သူခေါ်တော့ လှည့်ကြည့်လာတယ်။
“အစ်ကိုစစ်နိုင်ကိုသိလားဗျ”
“စစ်နိုင်?”
အစ်မနှစ်ယောက်ကရေရွတ်ကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခေါင်းရမ်းတယ်။
“သူက ဘယ် year လဲ”
ပြန်မေးလာတော့ ဂျွန်ဟိန်းဖြေရကျပ်သွားတယ်။ Botany မှာတက်နေတာရယ် စစ်နိုင်ဆိုတဲ့နာမည်တစ်လုံးကလွဲပြီး ဘာမှမသိတဲ့ သူပါလေ။
“အာ...ရပါပြီ ကျေးဇူးပါဗျ”
အစ်မနှစ်ယောက်ကိုခါးကိုင်းနှုတ်ဆက်တော့ ဟိုက ရုတ်တရက်မို့ ခေါင်းလိုက်ငုံ့မိကုန်ပြီး ကြည့်ကွက်ကြည့်ကွက်နဲ့ လက်ပြကာ ထွက်သွားကြတယ်။
စာသင်ခန်းတွေ Lab အခန်းတွေ တစ်ခန်းမှမလွတ်စေရပဲ သူလိုက်ရှာပေမဲ့ ရှာရသူသာ မောရပြီ စစ်နိုင်ဟာ ဘယ်ရောက်နေမှန်းကိုမသိ။
အတန်းလာတက်သလားမေးရအောင်လည်း ဖုန်းနံပါတ်ကမရှိ။ ခြေထောက်တွေညောင်းလာလို့ အပေါ်ဆုံးထပ်ရဲ့ စာကြည့်ဖို့လုပ်ပေးထား ခုံတန်းမှာဝင်ထိုင်ရင်း သူ အမောဖြေလိုက်တယ်။
“ဂျွန်ဟိန်း...?”
အသံကြောင့်ဆတ်ခနဲသူလှည့်ကြည့်မိတော့ စူးစူးစမ်းစမ်းနဲ့ကြည့်ကာ မလှမ်းမကမ်းမှာ ရပ်နေတဲ့စစ်နိုင်အားတွေ့တယ်။
ဘုရားသကြားမလို့ ဂျွန်ဟိန်းထပြေးရင်း စစ်နိုင်ရှေ့ ခြေစုံရပ်လိုက်တယ်။
“ကျွန်တော်ဘယ်လောက်လိုက်ရှာနေရလဲသိလား ခြေထောက်တွေဆို ညောင်းကိုက်နေတာပဲ ဘယ် year တက်နေမှန်းလည်းမသိ မနက်ပိုင်း အတန်းရှိရဲ့လား မရှိဘူးလားလဲမသိ ဖုန်းနံပါတ်မရှိတာက အဆိုးဆုံးပဲ”
စိတ်ထဲရှိတာတွေထုတ်ပြောမိတာ စစ်နိုင်ဘယ်လိုတွေးသလဲတော့ သူမစဉ်းစားမိလိုက်။
YOU ARE READING
Light up my night
Short StoryCover by Gust တိုမယ်၊ ရိုမယ်၊ ချိုမယ် အပျော်သဘောနဲ့ရေးတာဆိုတော့ ဖတ်ရှုရင်း အနည်းငယ် ပြုံးပျော်နိုင်ရင်ကို ရေးရကျိုးနပ်ပြီ #Thethirdschoollifefiction October 30 to ..... November 25, 2023