part 17

183 18 10
                                    

အိတ်တွေပစ်ချပြီး အဲ့ကောင်လေးကို သူ့အနားက ဆွဲထုတ်သွားရအောင် ဘာတွေကများ အဲ့သည်လောက်ဖြစ်နေရသလဲ ဖိုးဥတွေးရင်း မျက်ခုံးနှစ်ဖက်က ဆက်လုနီးနီးဖြစ်သွားတယ်။

ဂုတ်ထောက်ဆံပင်၊ မျက်နှာချွန်ချွန်လေးနဲ့ နားမှာလည်း နားကွင်းတွေကို စီတန်းပြီးဝတ်ထားသေးတဲ့ကောင်လေးက သူ့ထက်တော့အများကြီးမကြီးနိုင်လောက်။

ခပ်လန်းလန်းဂျာကင်တစ်ထည်ကိုဝတ်ရင်း ရုပ်သန့်တဲ့ထိုကောင်လေးက သာမာန်ဂျုနီယာလည်းမဟုတ်နိုင်။ သာမာန်ဂျုနီယာဆို ဝေယံကသူ့ကို မိတ်ဆက်ပေးမှာပဲမဟုတ်ဘူးလား။

ပြီးတော့ ခါးပြေးဖက်ရင်း လွမ်းတယ်ပြောတာဆိုတော့ တော်ရုံဆက်ဆံရေးဟုတ်လောက်မှာမဟုတ်မှန်း ဖိုးဥသိလိုက်တယ်။

“ကျစ်”

အိတ်တွေကိုဆွဲ မထားချင်တာကြောင့် ဓာတ်လှေကားထဲအရောက်မှာ ပစ်ချလိုက်တယ်။ ခလုတ်နှိပ်တော့လည်း သာမန်ထက် အားပိုသုံးမိနေတယ်။

ဓာတ်လှေကားပိတ်တာကလည်း ကြာနေချက်။ သူလေ စိတ်တိုလိုက်တာ။

“တောက်!”

“sorry အစ်ကိုလည်းတက်မလို့”

ဓာတ်လှေကားကိုတားပြီးဝင်လာတဲ့စစ်နိုင်က ဖိုးဥ တက်ခေါက်သံကြောင့် မသက်မသာလေးရယ်ပြီး တောင်းပန်စကားဆိုကာ ရှေ့မှာရပ်နေတယ်။

“အဲအစ်ကို ဝင် ဝင်”

ပြာပြာသလဲနဲ့ဖိုးဥ အိတ်တွေကို တဖက်ခြမ်းဆီကို ဆွဲယူချရင်း စစ်နိုင်အတွက် နေရာလုပ်ပေးလိုက်တယ်။

“အစောကဝေယံမလား မြတ်နိုးနဲ့ထွက်သွားတာ”

“ဘယ်သူလဲတော့ ကျွန်တော်မသိဘူး”

စစ်နိုင်ကလည်း ဘယ်ကတည်းကပြောချင်နေမှန်းမသိ မြတ်နိုးအကြောင်းတွေ ဖိုးဥအားပြောပြတော့တယ်။

“အင်း၊ မြတ်နိုးကဝေယံ့အရင်‌ကောင်လေးလေ သူနဲ့ကျမှ ဝေယံက အတော်ကြာတွဲဖြစ်ခဲ့တာ ပြဿနာဖြစ်တုန်းကလည်း ဒီကောင်ကြိုးစားရှာသေးတယ် ဒါပေမဲ့လည်း ရေစက်မရှိဘူးနဲ့တူပါတယ်ညီလေးရာ ပြတ်တာပဲ မြတ်နိုးဘယ်ရောက်နေမှန်းမသိတာ တစ်နှစ်လောက်ရှိပြီကို အခုက ဘာလာဖြစ်တာလဲပဲ”

Light up my nightWhere stories live. Discover now