part 4

282 22 8
                                    

Milkshake ဘူးကြီးကိုင်ပြီး ဖိုးဥ Botany ဆောင်ထဲကထွက်ဖို့ပြင်လိုက်တယ်။

ကျောင်းကအကျယ်ကြီးကို တကယ်ပဲ တွေ့လည်းတွေ့နိုင်လွန်းပါရဲ့။

သူနဲ့လားလားမှမဆိုင်တဲ့ ဒီအဆောင်ကိုလည်း ဘာကြောင့်ရောက်နေမှန်းကို သူမသိတော့။

ဖုန်း...!!

အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခံလိုက်ရတာကြောင့် လူက နောက်လှန်လဲကျတာ အရှိန်ပင်မထိမ်းနိုင်ခဲ့သလို မျက်လုံးထဲလည်း ရဲခနဲ။

မျက်စိလေးကိုမှိတ်၊ တရားလေးမှတ်‌၊ ပြုံးပြုံးလေးနဲ့ အားလုံးကိုနှုတ်ဆက်ပါတယ်ဆိုပြီး ဖိုးဥတွေးလိုက်ပေမဲ့ သူ့ခေါင်းက မျောက်ခေါင်းများလားတော့မသိ။ တမံတလင်းနဲ့ ဆောင့်တာကိုတောင်မကွဲခဲ့ပါ။

“sorry ကွာ၊ sorry sorry”

တိုက်သူက သူ့အားအတင်းဆွဲထူတာကြောင့် တမံတလင်းပေါ် သူ ထထိုင်မိသွားတယ်။

“မင်းရရဲ့လား”

အဲ့လိုမေးပြီး ခပ်နက်နက်အသံပိုင်ရှင်ရဲ့ မျက်ဝန်းစွေစွေတို့က သူ့တစ်ကိုယ်လုံးကို စုန်ချည်ဆန်ချည်ကြည့်ကာ ဒဏ်ရာရှာနေဟန်ရတယ်။

“sorry ကွာ၊ ငါမင်းကို တကယ်မမြင်တာ”

အင် မှန်း သိသာနေတဲ့ ရွှေရောင်ဆံပင်တွေက အထမှာ လေတိုးတော့ ဝဲခနဲ။ မဆိုးပါဘူး၊ ဒီမြို့သားက ချောသားပါပေါ့။

“ရပါတယ်၊ ခေါင်းကတော့ တော်တော်အီသွားတာ”

ခေါင်းကိုပွတ်ရင်းသူပြောတော့ မြို့သားက ရယ်တယ်။ မြို့သားရဲ့ အရပ်ကလည်းသူနဲ့မတိမ်းမယိမ်း၊ ခန္ဓာကိုယ်အရွယ်အစားပါတူပေမဲ့ ဝတ်စုံကတော့ အနီကိုမှ အဖြူစင်းတွေပါတဲ့ အားကစားဝတ်စုံကို ဝတ်လို့ထားတယ်။

“ငါကဂျွန်ဟိန်း၊ အားကစားသိပ္ပံက”

ဘာတဲ့ ဂျွန်ဝိန်း?

“ဟေ့ကောင်၊ မင်းအကြည့်ကိုငါသိတယ်နော်၊ ဂျွန်ဝိန်းမဟုတ်ဘူး ဂျွန်ဟိန်းကွ၊ ဘာကိစ္စငါ့နာမည်ကြားတိုင်း ခဲတံတစ်ချောင်းနဲ့လူကောက်သတ်တဲ့ဘဲကြီးကို ပြေးမြင်ကြလဲမသိ”

Light up my nightWhere stories live. Discover now