part 18

191 19 1
                                    

ညဖက် ခုတင်ပေါ်ခေါင်းအုံးပိုက်ပြီးထိုင်နေတဲ့ ဖိုးဥရုပ်ဟာ မှုန်ကုပ်ကုပ်။ နာရီလှမ်းကြည်တော့ ၁၂ နာရီထိုးတော့မယ်။ အစ်ကိုစစ်နိုင်ကိုမေးတော့ ကိုကြီးပြန်မလာဘူးလို့ဆိုထားတယ်။ အံတွေကြိတ်ပြီး စောင့်နေတုန်း တံခါးခေါက်သံကြားလိုက်ရတယ်။

ဒေါက် ဒေါက်

သူ့ကောင်နဲ့ အလည်လွန်ပြီး ညနက်မှ တံခါးလာခေါက်တာ ဘာအချိုးလဲ။

ခုတင်ပေါ်မှချက်ချင်းဆင်း တံခါးကို ဝုန်းခနဲဆွဲဖွင့်ပြီး ရန်တွေ့မလို့လုပ်တော့ မြင်လိုက်ရတဲ့ Birthday cake ကြောင့် ဒေါသမီးကဟုန်းခနဲငြိမ်းသွားတယ်။

“ကိုကြီး..?”

“Happy birthday ကလေး!!!”

ကိတ်ဖြူဖြူလေးမှာ အသည်းပုံမီးတိုင်လေးတစ်တိုင်ကို မီးညှိထားတယ်။

တစ်နေ့လုံးဒေါသဖြစ်နေရလို့ မနက်ဖြန်သူ့မွေးနေ့ဆိုတာတောင်  ဖိုးဥမေ့နေခဲ့တာ။

“ဒီ‌ချိန်ကစပြီးက‌လေးကိုယ့်ကိုသ‌ဘောကျပါစေ အရမ်းချစ်ပါစေ တသက်လုံး ထာဝရ အမြဲ ကိုယ်နဲ့ လက်တွဲမဖြုတ်ပါ‌စေနဲ့...”

“ဟား...ဘာလဲဗျာ! ကျွန်တော့်မွေးနေ့ဟာကို ဘာလို့ကိုကြီးဖြစ်ချင်တာတွေချည်းဆုတောင်းနေတာလဲ”

ရုတ်တရက်အနမ်းခံလိုက်ရတဲ့ပါးပြင်လေး။  ၁၂ ထိုးမို့ တတီတီအော်မြည်လာတဲ့ ဖုန်းနာရီသံ။
ကိုကြီးရဲ့လေသံခပ်တိုးတိုးက နားထဲတိုးဝင်လာတယ်။ 

“သိပ်ချစ်လို့ပေါ့”

အနမ်းခံရလို့စိတ်ဆိုးဒေါသဖြစ်ရမှာပေမဲ့ ဘာကြောင့် သူ့ခန္ဓာကိုယ်ကတုန်ရီနေပြီး သူ့ရင်ဘတ်ကြီးက ပေါက်ထွက်တော့မလို ခံစားနေရတာလဲ။

“ကိုယ့်ကိုပြန်ချစ်မယ်မလား”

အကြင်နာတွေပြည့်‌တဲ့မျက်ဝန်းတွေကြောင့် ငေးကြည့်ရုံနဲ့ ပြုစားချက်က သူ့ကိုပင် အလိုလိုခေါင်းညိတ်စေနိုင်တယ်။

“ခေါင်းညိတ်လိုက်တာလား”

“ဟင်..? ကျွန်တော်ညိတ်လိုက်တာလား”

“ဟမ် ကလေး မင်းမညစ်နဲ့နော် ကိုယ်သေချာမြင်လိုက်တာ”

သူ့ကိုယ်သူတောင် ဘာလုပ်မိလို့လုပ်မိမှန်းမသိပေမဲ့ ကိုကြီးကဇွတ်ကြီး သူ့မျက်နှာကိုလိုက်ကြည့်ကာ ညိတ်လိုက်ကြောင်းပဲ ပြောနေတော့တာ။

Light up my nightWhere stories live. Discover now