part 5

255 19 4
                                    

ဂျွန်ဟိန်းတစ်ယောက် ကိုယ့်အခန်းကိုယ်ပြန်တာကိုတောင် ဖင်ကုန်းပြီး ချောင်းနေရတယ်။
အခန်းအတွင်းကိုပြုးပြဲကြည့်ပေမဲ့ ဘယ်သူမှမရှိသလို ရေချိုးနေသံလည်းမကြားရ။
ထို့ကြောင့် စိတ်အေးလက်အေးသက်ပြင်းလေးတချက်ကို အချ...။

“ဘာချောင်းနေတာလဲ”

“အမလေးဗျ”

ဘယ်တုန်းကတည်းက သူ့နောက်ရောက်နေမှန်းမသိတဲ့ ဦးသက်ကြောင့် သူ့မှာသာ နှလုံးရောဂါရှိရင် ဒီအချိန်ကြွနေလောက်ပြီ။

“အသံမပေးဘာမပေးနဲ့ဗျာ”

သူပြောတော့ ဘယ်လက်ကို စတိုင်ပန်ထဲလျို ညာလက်နဲ့ မျက်မှန်ဝိုင်းလေးရဲ့ကိုင်းကို ပင့်တင်ကာ ဦးသက်က လေတချက်ကို ရှူသွင်းတယ်။
နောက်ဆက်တွဲအနေနဲ့ နားငြီးရတော့မယ်မှန်းလည်း ဂျွန်ဟိန်းသိလိုက်တယ်။

“ငါ့မေးသွားသားနဲ့ ဘောလုံးကွင်းကိုပျောက်စရာလား!! အသက်လည်းဒီလောက်ကြီးနေပြီ၊ အခုထိ‌မြေပုံက မကြည့်တက်သေးတာလား! ဘာတဲ့ စာရင်းပေးတာနောက်ကျတဲ့အပြင် ကျွန်တော့်ဦးလေးက ဘာညာဆိုပြီး ငါ့နာမည်ကိုတောင် ထည့်သုံးသွားသေးတယ်ဆို! မင်းကိစ္စမင်းရှင်းဖို့ ငါမပြောထားဘူးလား! အဲ့တာတင်အားမရသေးလို့ ဝေယံမင်းနဲ့လည်း ရန်ဖြစ်ဖို့လည်း လုပ်ခဲ့သေးတယ်ဆို! မင်းတော်တော် တော်နေလား! ကန်တင်းထဲ လတ်လျား လတ်လျားသွားလိုက် သူများအဆောင်ကို လတ်လျား လတ်လျားသွားလိုက်နဲ့ အတော့်ကို အားနေလား!!”

အစကတော့ နားထောင်နေတာအကောင်းပါပဲ။ ဒါပေမဲ့ သူလုပ်သမျှတွေအားလုံးကို သိနေတော့ ဟုတ်တော့မဟုတ်သေး။

“‌နေစမ်းပါဦး၊ ဦးသက် ကျွန်တော့်နောက် လူလွှတ်ထားတာလား၊ အကုန်ကိုသိနေရောပဲ”

သူမေးတော့ ဦးသက်က ချောင်းဟန့်ကာ မျက်မှန်ကိုပင့်တင်ပြီး စကားလမ်းကြောင်းလွှဲသွားတယ်။

“အခုဘယ်ချိန်ရှိပြီလဲသိလား!”

လက်မှ ခပ်ရိုးရိုးနာရီအဝိုင်းကြီးကိုထောင်ပြပြီး တဆတ်ဆတ်ရိုက်ပြတယ်။

“လေးနာရီလေ၊ မြင်သားပဲ ကျွန်တော်မျက်လုံးမမွဲ....”

“တစ်နာရီ အရောက်ပြန်လာခဲ့ဖို့ ပြောထားတာ‌လေ မင်းအထုတ်တွေဖြည်ဖို့!!!”

Light up my nightWhere stories live. Discover now