part 2

343 23 26
                                    

လေးလကြာပြီးနောက် ဖိုးဥတစ်ယောက် IC ကျောင်းရဲ့ အမျိုးသားဆောင်ကို ခြေချလာခဲ့တယ်။

တင်း

ဓာတ်လှေကားပွင့်တာနဲ့ နေကာမျက်မှန်ကိုကျော်ကြည့်လာတဲ့ဖိုးဥဟာ suitcase နက်ပြာရောင်ကြီးကိုတွန်းလို့ ထွက်လာလေတယ်။

လွယ်အိတ်ပြာလွင်လွင်တစ်လုံးကိုလည်းလွယ်ထားပြီး အရင်လိုအုန်းမိုးခွက်ကေမဟုတ်တော့ပဲ ဆံပင်တွေကိုတော့ အကြေကောက်ကာ အသေအချာ ပုံသွင်းထားတယ်။

သို့သော် ဖောင်းတွနေတဲ့ပါးမို့မို့နှစ်ခုအပြင် ဗိုက်တစ်လုံးကတော့ နဂိုအတိုင်းသာရှိသေးတယ်။

နီညိုရောင် လက်ရှည်အင်္ကျီအကွက်ကိုဝတ်၊ အတွင်းကတီရှပ်ဖြူမှာတော့ Winne the Pooh လေးက ပျားရည်အိုးလေးကိုပိုက်လို့ရယ်။

ဘောင်းဘီအတိုကို ကွင်းထိုးဖိနပ်အနက်ရောင်နဲ့ဆိုတော့ ဖိုးဥပုံက လန်းချင်ပေမဲ့ မလန်းနိုင်ရှာတဲ့က‌လေးကလားပုံစံမျိုးပေါ့။

စင်္ကြံမှာဘယ်သူမှမရှိသေးတာကြောင့် စိတ်အေးလက်အေးနဲ့ သော့တွဲလေးက နံပါတ်ကိုတချက်ရှိုးပြီး နေရမဲ့အခန်းရှိရာဆီကို ဦးတည်ကာ လျှောက်လိုက်တယ်။

အခန်းကသော့ခတ်ထားစဲ။ အခန်းဖော်မရောက်သေးတာသေချာနေတော့ အေးဆေးပဲဝင်ခဲ့လိုက်တယ်။

အခန်းလေးက တအားကျယ်တာတော့မဟုတ်။ မွေ့ယာပါပြီးသားခုတင်နှစ်လုံးကို အလည်မှာ ဗီဒိုငယ်လေးတစ်ခုနဲ့ ပိုင်းခြားထားတယ်။ အဝတ်ဗီဒိုကိုတော့ ကုတင်ခြေရင်းဖက်မှာရှိတဲ့ သန့်စင်ခန်းတံခါးပေါက်ရဲ့ညာဖက်ခြမ်းမှာ နှစ်လုံးတွဲလျှက် စီထားလေတယ်။

ထမင်းစား၊စားပွဲလေးကလည်း ခြေရင်းခြမ်းမှာဖြစ်ကာ စာကြည့်စားပွဲနှစ်လုံးကတော့ ခုတင်ရဲ့ ဘေးမှာ တစ်ယောက်တစ်လုံးစီချပေးထားတယ်။

ဝရံတာဖက်ကခုတင်ကိုမလိုချင်တာကြောင့် နံရံဖက်ကခုတင်ကိုပဲ သူရွေးလိုက်တယ်။

ပါလာတဲ့ပစ္စည်းတွေခဏချ ဝရံတာဂျက်ခ်ကိုဖွင့်ပြီး အပြင်ကိုထွက်ကြည့်လိုက်တော့ အထပ်မြင့်အဆောက်အဦးမို့ ရင်ထဲလှိုက်ခနဲ။

Light up my nightWhere stories live. Discover now