part 21

211 18 4
                                    

“ဝဋ်ကျွတ်ပြီကွ!!!!”

ထအော်တဲ့ဂျွန်ဟိန်းကြောင့် အနားကသူတို့အားလုံးပြုံးစိစိ။

“ညဖက် club သွားမှာဆို ငါလိုက်ခဲ့မယ်”

ဖိုးဥကခေါင်းညိတ်တာ‌ကြောင့် ဖိုးဥကို ဆွဲဖက်ထားမိတဲ့ ဝေယံဟာလည်း ခေါင်းညိတ်ပြီးသားပါပဲ။ 

“စစ်နိုင် မင်းလိုက်မှာမလား”

ဂျွန်ဟိန်းနဲ့ ယောကျာ်းကတိတွေထားရှိဖူးခဲ့တာဆိုတော့ စစ်နိုင်ကို ဂျွန်ဟိန်းလက်ထဲရောက်အောင် လှော်ပေးဖို့က ဝေယံ့တာဝန်လေ။

“ငါမလိုက်တော့ဘူး မေမေက ဒေါ်လေးနေမကောင်းတာသွားကြည့်ရမှာ အဲ့တာငါအိမ်စောင့်ကျတယ် ညနေပြန်မှာ”

“ဟာ...အရမ်းဖြစ်နေလို့လားကွာ တစ်ရက်တောင် မစောင့်နိုင်ဘူးလား”

“အေးကွာ”

စစ်နိုင်ရဲ့အပြောကြောင့် ဝေယံ ဂျွန်ဟိန်းကိုလှည့်ကြည့်ရင်း မတက်နိုင်တော့တဲ့အကြောင်း သက်ပြင်းသာချပြလိုက်တော့တယ်။

“ကျွန်တော်လိုက်ပို့ပေးလို့ရမလား”

မျက်နှာလေးငယ်ကာ စစ်နိုင်အားဂျွန်ဟိန်းမေးပေမဲ့ စစ်နိုင်ကခေါင်းရမ်းတယ်။

“ရတယ် ငါ့ကိုထည့်မတွက်နဲ့ ‌ကျောင်းနောက်ဆုံးရက်လေးဟာ ပျော်သွားဦး”

အပြုံးတွေနဲ့ပြောလာတော့လည်း ဂျွန်ဟိန်းတစ်ယောက် သက်ပြင်းချရင်းသာ ခေါင်းညိတ်လိုက်ရတယ်။

“ဪ မေ့တော့မလို့”

ပြောပြီးစစ်နိုင်က ဘောင်းဘီအိတ်ကပ်ထဲမှ ရွှေဘောလုံးလေးကိုထုတ်သည်။ (Harry Potter ဇာတ်ကားထဲမှ Golden snitch)

“အင့်...မွေးနေ့လက်ဆောင် ကျောင်းပိတ်ရက်ဆိုတော့ တွေ့ဖြစ်မှာမဟုတ်ဘူးလေ”

April, May, June သုံးလနားတဲ့ကျောင်းမို့ ဂျွန်ဟိန်းမွေးနေ့အမှီ သူတို့တ‌တွေ တွေ့ဖြစ်ကြလိမ့်မည်မဟုတ်။

“ဒါက...”

အံ့အံ့ဩဩနဲ့ဂျွန်ဟိန်းက စစ်နိုင်ကိုစိုက်ကြည့်ပေမဲ့ စစ်နိုင်ကတော့ ရှက်ပြီး‌ဂုတ်တွေပွတ်ကာ အကြည့်လွှဲကုန်တယ်။

Light up my nightWhere stories live. Discover now