part 22

164 17 15
                                    

အခန်းတံခါးပိတ်ပြီးမှ ဖိုးဥ စိတ်အေးလက်အေး သက်ပြင်းချနိုင်တော့တယ်။ 

“အဲ့လိုပြောလို့မရဘူးကိုကြီးရဲ့ ဖေတို့မေတို့က ရှေးရိုးစွဲတယ်ဗျ”

“တောင်းပန်တယ် ကိုယ် ကလေးကိုအရင်မေးလိုက်သင့်တာ”

မျက်နှာမကောင်းစွာ ဝေယံပြောတော့ ဖိုးဥက ခေါင်းရမ်းကာ ရင်ခွင်ထဲတိုးတာမို့ အလိုက်သင့်လေး ပြန်ဖက်ထားလိုက်တယ်။

“ရောက်လာတာပဲကျေးဇူးတင်နေပြီ ကျွန်တော်လွမ်းနေတာ”

“ကိုယ်‌ရောပဲ”

မတွေ့ရတဲ့ရက်တွေအတွက် အတိုးချဖက်ပစ်လိုက်တယ်။

“ထိုင်ဦးလေ အဟီး ကျွန်တော့်အခန်းက နည်းနည်းတော့ရှုပ်နေတယ်”

အိပ်ယာပေါ်ကအမှိုက်ခွံတွေကို လက်နဲ့တွန်းချလိုက်ပြီး ဝေယံ့ကိုနေရာလုပ်ပေးတယ်။ တခန်းလုံးဟာလည်း ဝက်တဲလိုမျိုးကိုဖြစ်လို့ဆိုတော့ ဖိုးဥ အမှိုက်တွေလိုက်ကောက်နေရတယ်။

ဝေယံကတော့ခုတင်ပေါ်ဝင်ထိုင်ရင်း ‌ခုတင်လေးကိုတချက်ကြည့်တယ်။ ဒါလေးက ညဖက်သူနဲ့ video ပြောရင်း ဖိုးဥလှိမ့်နေကျခုတင်လေးပေါ့။

အခန်းထဲမှာလည်း poster တို့ ဓာတ်ပုံတို့ ချိတ်ဆွဲထားတာမျိုးမရှိပေမဲ့ ငယ်ငယ်ကဆွဲထားပုံရတဲ့ ဖယောင်းခဲလက်ရာတွေကတော့ အပြည့်။

အိပ်ယာဘေးသစ်သားပြားပေါ်မှာတော့ Captain America ရဲ့ ဒိုင်းတွေကိုဆွဲထားတာ နည်းနည်းနောနောမဟုတ်။ ကြည့်ရပုံက ဒိုင်းပဲဆွဲရလွယ်တာမို့ ဒိုင်းကိုပဲဆွဲထားတာဖြစ်မယ်။

ခု‌တင်အောက်မှာလည်း အမှိုက်ခွံတွေက ကျဲထားသယောင်ဖြစ်နေကာ အခန်းတံခါးပေါက်ဘေးကဗီဒိုရှေ့မှာတော့ ရေလဲပုဆိုးဟာ ကွင်းလိုက်ပင်ရှိသေးတယ်။
ဒါ သူ့ကလေးက သူ့ကိုလွမ်းပြီး အခန်းတောင်မရှင်းနိုင်တာလား။ အရမ်းချစ်သွားပြီလေ။

“ကိုယ့်ကလေးလေး”

လက်နှစ်ဖက်ကိုဆန့်တန်းရင်း ရင်ခွင်ထဲလာဖို့ခေါ်တော့ အမှိုက်ခွံတွေပစ်ချပြီး ပြုံးစိစိနဲ့ရောက်လာတယ်။

Light up my nightWhere stories live. Discover now