part 24

168 16 4
                                    

ဆက်ဆံရေးတိုင်းမှာ တခါတလေတော့ မုန်တိုင်းဝင်စမြဲပဲ။

“ဒါကြောင့် အရမ်းတွေစေတနာကောင်းနေတယ်လို့ထင်နေတာ မင်းတို့ကောင်တွေက ဒီလိုဖြစ်နေကြတာပဲ!!!”

ဦးလေးရဲ့စကားအောက် သူတို့နှစ်ယောက် ခေါင်းငုံ့‌နေရတယ်။

သူသတိထားပြီးမနေထိုင်ခဲ့တာကြောင့် ကလေး အခုလို ပြဿနာတက်ရတာကိုတွေးမိတော့ သူပိုစိတ်မကောင်းဖြစ်ရတယ်။

“တော်ပါအဖေရယ်”

“နင်တော်စမ်း၊ နင်လည်းသိထားတယ်မလား”

ချစ်ချစ်က ဘာစကားမှမပြောနိုင်တော့။ သူကိုယ်တိုင်ကြောင့် ဒီမောင်နှစ်မဒုက္ခရောက်ရတာမို့ ဝေယံမနေနိုင်တော့။

“ကျွန်တော့်ကိုပြောခွင့်ပြုပါဦးလေး”

“တော်စမ်း ငါဘာမှမကြားချင်ဘူး၊ မင်း ငါ့အိမ်က အခုချက်ချင်းထွက်သွား၊ ငါ့သားကိုလည်း အဆက်အသွယ်မလုပ်နဲ့ ငါ့အိမ်အရိပ်တောင် မနင်းနဲ့”

သူထပ်ပြောဖို့ ပါးစပ်ပြင်လိုက်ပေမဲ့ လက်လှမ်းဆွဲတဲ့ဖိုးဥက ငိုလျက်က ခေါင်းလေးရမ်းပြတယ်။သည်းခံစိတ်မွေးရင်း သူ့ကလေးစကားကို သူနားထောင်လိုက်တယ်။

ဦးလေးပြောခဲ့သလို သူအိမ်ပေါ်က ဆင်းပေးလိုက်တယ်။ ကလေးက ပြန်သွားလိုက်ဖို့ပြောပေမဲ့ ဒီအတိုင်းကြီးထွက်သွားတာက သူရဲဘောကြောင်တဲ့လုပ်ရပ်အပြင် သူ ကလေးကို ဘယ်စိတ်နဲ့ ထားခဲ့နိုင်ပါ့မလဲ။

ရွာဦးဘုန်းကြီးဆီ ခွင့်တောင်းပြီး ဘုန်းကြီးကျောင်းမှာ သူတည်းနေလိုက်တယ်။ ကိစ္စအားလုံးဖြေရှင်းဖို့အတွက် သူနည်းလမ်းစဉ်းစားဦးမယ်။ ဒီတရက်ကတော့ ဦးလေးက ဒေါသဖြစ်နေတာမို့ သူဘာပြောပြော နားဝင်လိမ့်မှာမဟုတ်ဘူး။

ဒါထက် သူအစိုးရိမ်ဆုံးက ကလေးပဲ။ မျက်ရည်တွေကျပြီး သူနဲ့ ‌ဦးလေးကြားမှာ ဗြာများနေခဲ့တာ။

ဦးလေးအရမ်းဆူလို့ ကလေး ထပ်ပြီးငိုနေဦးမလား။

မျက်နှာလေးတစ်ချပ်ကို သူမြင်ယောင်တဲ့အခါ သူမနေနိုင်တော့ဘူး။ ဖုန်းကောက်ပြီး ကလေးဆီ ဆက်ကြည့်လိုက်တယ်။ ဝင်ပေမဲ့ မကိုင်ဘူး။ သုံးခေါက်မြောက်သူခေါ်တော့ ဖုန်းစက်ပိတ်သွားတယ်။

Light up my nightWhere stories live. Discover now