part 3

299 23 16
                                    

တစ်ရက်အလိုမှ ကျောင်းကို‌ရောက်ပါတယ်ဆို ကျောင်းရှေ့တင် ကားဘီးကပေါက်တယ်။

ဝပ်ရှော့ကိုလှမ်းခေါ်ပြီး ကျောင်းထဲ ဘော်ဒါတွေရဲ့ကားနဲ့လိုက်မယ်လုပ်တော့ တစ်ကောင်တမြီးမှ ခေါ်လို့မရ။

အဲ့ဆိုလည်း ခြေလျင်ပတ်မယ်ကွာဆိုပြီး အဆောင်ကိုသွားတော့ ဆောင်းတွင်းကြီးဟာကို လမ်းတဝက်တင် မိုးကထရွာတယ်။

ဒေါသထွက်လွန်းလို့ မိုးကောင်းကင်ကို လက်ခလယ်နှစ်ချောင်းထောင်ပြရင်းသာ ဝေယံမင်း ကျေနပ်လိုက်ရတယ်။

မိုးရွာကြီးထဲလျှောက်ရင်း အဆောင်ရောက်လို့ အပေါ်တက်လာခဲ့ပေမဲ့ အခန်းထဲအခန်းဖော်က ရောက်နှင့်နေပြီ။

ကြည့်လိုက်တော့ Pooh ပုံတီရှပ်၊ ‌ပါးဖောင်းဖောင်းတွေနဲ့ သူငယ်နာမစင်သလိုလေး‌မို့ ခေါ်ပြီး ပညာပြမိတာ စွာတေးလန်အသံလေးကထွက်လာတော့ ဗီဇပြလို့ အနိုင်မကျင့်ပဲမနေနိုင်တော့။

“အခင်းပေးမယ်ဆိုတာကို ဘာကိစ္စ ငါ့ခုတင်ပါ လုထားရလဲမသိ”

တီးတိုးပြောကာ မကြည်ကြည့်ကြည့်ရင်း ဘေးခုတင်ပေါ်တက်‌‌နေတဲ့ ပုလုံးလုံးကောင်ကြောင့် အလုပ်ရှုပ်ချင်ယောင်ဆောင်ပြီး လက်ပ်တော့ကိုကြည့်နေတဲ့သူ့မျက်ဝန်းတွေက တည်တည်ငြိမ်ငြိမ်မရှိတော့။

“အဲ့တာဘာဖြစ်နေတာလဲ! အိပ်မဲ့အရေး မြန်မြန်အိပ်ပါလား!!”

“အခင်းမှမရှိတာ ဘယ်လိုလုပ် အိပ်လို့ရမှာလဲ!!”

ပြန်အော်တဲ့လေသံက ညနေက သူဆော်ထားတာ မမှတ်သေးဘူးနဲ့တူပါရဲ့။

“ခင်ဗျား‌နော်၊ ဝတ်ထားတဲ့အင်္ကျီက ကျုပ်ဟာ၊  ငှားပေးထားတာကို ကျေးဇူးတင်!!”

အဝတ်တွေရေစိုသွားလို့ အင်္ကျီယူဝတ်ထားတာကို စကားလုပ်ပြီးပြောလာပြန်တယ်။

Oversized ဝတ်တက်တဲ့ကောင်မို့ တီရှပ်က တန်ပေမဲ့ အရုပ်မပါတဲ့ အင်္ကျီရယ်လို့ကိုမရှိ။ ဒီတစ်ခုကလည်းပျားပုံနဲ့။ ဘောင်းဘီက မတန်လို့ ရှေ့အခန်းက ဆက်ပိုင်ဆီကနေ သွား မ ထားရတယ်။

“ပေးရမှာပေါ့၊ ငါ့မွေ့ယာကြီးသာ ရေမစိုထားရင် မွေ့ယာပတ်ပြီး ငါအိပ်လို့ရသေးတယ်လေ၊ အခုက အဲ့လိုမှလုပ်လို့မရတာ”

Light up my nightWhere stories live. Discover now