Part-90

2.2K 155 7
                                    

Chapter 90



နောက်တစ်နေ့တွင် မော့တိက မနက်ပိုင်းအတန်းချိန်ပြီးသည်နှင့် ဖန်ချန်းလောင်နှင့် ဟန်ချောင်ကိုတွေ့ရန် ထွက်လာခဲ့၏။ သူက သူတို့အား ​သေးငယ်သည့် အလုပ်များနှင့် ဂိမ်းအသစ်၏ နောက်ထပ်အခန်းနှင့် ပတ်သတ်သော အချက်အလက်များကို ပေးခဲ့သည်။

ထို့နောက် မော့တိက mask ကိုတပ်ကာ တက္ကစီငှား၍ ရုံးသို့ဆက်သွားလေသည်။

မော့စစ်လန်၏ အမှုက နေ့လည်ခင်းတွင် စစ်ဆေးမှာဖြစ်သည်။

ဆယ်ရက်လောက် အကျဥ်းပိတ်ခံထားရသည့်အတွက် မော့စစ်လန်တွင် ယခင်ကရှိခဲ့သော ကျက်သရေနှင့် တက်ကြွမှုများ ပျောက်ကွယ်သွားခဲ့ပြီရှိသည်။ သူ၏ အဝတ်အစားများက စုတ်ပြဲနေကာ မျက်နှာပေါ်တွင်လည်း အမွှေးအမျှင်များပေါက်ရောက်နေပြီး ထုံထိုင်းထိုင်းဖြစ်လျှက်ရှိသည်။ သူက ထိခိုက်​စေရန်ကြိုးပမ်းမှုနှင့် ပြစ်မှုကျူးလွန်ရန် အားပေးကူညီမှုကြောင့် နှစ်နှစ်နှင့် နှစ်လ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

မော့တိအား အန္တရာယ်ပြုရန် ကြိုးပမ်းခဲ့သည့် အသက်မပြည့်သေးသော ဖန်များကမူ ဆယ့်ငါးရက် အပြစ်ဆင်ခြင်ပြီး မော့တိအား လျော်ကြေးပေးချေရန် ဟူသည့် ပေါ့ပါးသောပြစ်ဒဏ်ကိုသာချမှတ်ခံခဲ့ရ၏။

အသက်မပြည့်သေးသူတို့အား ပွဲအတွင်းသို့ ဦးဆောင်ခဲ့သည့် လူကြီးများကမူ သုံးလကြာ ထောင်ဒဏ်ချမှတ်ခံရသည်။

ကြံစည်ရာတွင် ပါဝင်ခဲ့သည့် လူတချို့က အပြစ်ဒဏ်မှလွတ်မြောက်ရန် ကြိုးစားနိုင်ခဲ့သော်လည်း ပြစ်တင်ရှုံ့ချခံရခြင်းမှ မလွတ်မြောက်နိုင်ကြချေ။ အသက်မပြည့်သေးပဲ ကျောင်းတက်နေသူအချို့က သူတို့၏မှတ်တမ်းတွင် မှတ်သားခံလိုက်ရမှာဖြစ်ပြီး ကောင်းမွန်သည့်ကျောင်းများသို့ မည်သည့်အခါမှ ဝင်ရောက်နိုင်မှာ မဟုတ်တော့ချေ။ သူတို့က အခြားလူတစ်ယောက်ကို ထိခိုက်အောင်လုပ်ရန် ဆာလဖျူရစ်အက်စစ် အသုံးပြုလိုသူတစ်ဦးနှင့် ဆက်နွယ်လိုသူများအဖြစ် သူတို့၏သူငယ်ချင်းများထံမှ အဆက်အသွယ်ဖြတ်ခံခဲ့ရလေသည်။

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်Where stories live. Discover now