Part-98

523 50 1
                                    

Sue Xing Nway

Chapter 98



ချင်ချန်းယီ ဗီလာရှိ အပြောင်းအလဲများအား မော့တိ မသိရှိချေ။ ယခုအချိန်၌ သူအလုပ်များနေ၏။

ကျန်းချန်ချန်က မော့တိ၏ စစ်ဆေးမှုများကို မအောင်မြင်သဖြင့် အသင်းထဲသို့ ဝင်ခွင့်မရခဲ့ချေ။ ကျောင်းချွမ်က သုဝမ့်ကျင်း ဟုခေါ်သော အသံပိုင်းဆိုင်ရာကျွမ်းကျင်သူ နောက်တစ်ဦးအား မိတ်ဆက်ပေးခဲ့သည်။ ထိုအမျိုးသမီး၏ လုပ်ဆောင်ချက်များမှာ မဆိုးလှသဖြင့် မော့တိက သူမအား အသင်းထဲထည့်လိုက်လေသည်။ သူတို့အသင်းထဲတွင် လူဆယ်ဦးရှိလာပြီဖြစ်ကာ ကျားမ အချိုးမှာလည်း တိုးတက်လာသဖြင့် ပွဲကျင်းပရန် ထိုက်တန်လေသည်။

ထို့အပြင် ဂိမ်းကုမ္မဏီ၏ လုပ်ဆောင်ချက်များသည်လည်း မုထျန်းဟန်၏ ကျေးဇူးဖြင့် ချောမွေ့စွာပြီးစီးသွားခဲ့လေသည်။ ဂိမ်းကိုလွှင့်တင်ရမည့် ရက်စွဲသို့မရောက်ခင်မှာပင် တိယိမုကုမ္မဏီ ဟူ၍ ဖြစ်တည်လာခဲ့လေသည်။

လောလောဆယ် ကုမ္မဏီ၏အလုပ်သမားဟူ၍ သူနှင့်မုထျန်းဟန်သာ ရှိသော်လည်း မော့တိအလွန်ပျော်ရွှင်နေမိ၏။

အဖွဲ့ကိုမူ ကုမ္မဏီအကြောင်း မော့တိမပြောရသေးချေ။ ပထမတစ်ချက်မှာ အလျင်လိုစရာမဟုတ်သည့် ကိစ္စဖြစ်၍ဖြစ်ပြီး ဒုတိယအချက်ကမူ အသင်းထဲရှိ တစ်ဦးစ နှစ်ဦးစမှာ ထာဝရလက်တွဲနိုင်မည့် ပါတနာများဟုတ်မဟုတ် မသေချာသေး၍ဖြစ်သည်။

ကုမ္မဏီအခြေတကျဖြစ်ပြီး မကြာခင်မှာပင် သူတို့အုပ်စုသည်လည်း 'အဆုံးမဲ့ဘဝ' ၏ အခန်းခြောက်ခန်းကို ပြင်ဆင်ပြီးသွားခဲ့သည်။ မော့တိက သတ်မှတ်ရက်မရောက်ခင် သုံးရက်အလို၌ ပြိုင်ပွဲ၏ webpage ပေါ်သို့ ဂိမ်းကိုတင်လိုက်၏။

ဂိမ်းကိုတင်ပြီးသွားသည်နှင့် အားလုံး စိတ်သက်သာရာရသွားကြသည်။ အထူးသဖြင့် 'အဆုံးမဲ့ဘဝ' အား အကောင်းဆုံးအဆင့်မြှင့်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အားလုံးက အခန်း ခြောက်ခုလုံးကို စမ်းသပ်သည့်အ​နေ​ဖြင့် ကစားကြည့်သည့်အခါ ကျေနပ်မှုအပြည့်ရရှိကြ၏။ ဂိမ်း၏ဇာတ်ကြောင်းက ကုံလုံပြည့်စုံလှကာ ရင်ဖိုစေသည့် ဆန်းပြားမှုများဖြင့် ပြည့်နှက်နေလေသည်။ ၎င်းက စိတ်ကူးစိတ်သန်းနှင့် ဆော့ကစားရ​ခြင်းဖြစ်ပြီး ဆွဲငင်မှုအပြည့်ပါရှိ၏။

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်Where stories live. Discover now