Part-97

527 44 2
                                    

Sue Xing Nway

Chapter 97


နှစ်ရက်အကြာတွင် မော့တိ ကျောင်းသို့ပြန်သွားသည့်အခါ သူ့မွေးနေ့ပွဲရှိ ဓာတ်ပုံများက ကျောင်းဝင်းတစ်ခုလုံး ပျံ့နှံ့နေပြီဖြစ်လေသည်။ အထူးသဖြင့် သူ၏ သစ်ပင်အောက်တွင်ရပ်ကာ ပြုံးနေသောပုံ ဖြစ်လေသည်။ ၎င်းက တောမီးပမာ ပျံ့နှံသွားခဲ့၏။

ရလဒ်အနေဖြင့် သူ့ထံသို့ ချစ်သဝဏ်လွှာများ၊ လက်ဆောင်များ နေ့စဥ်ရောက်ရှိလာတော့လေသည်။

မော့တိက အစပိုင်းအကြိမ်အနည်းငယ်လောက် ယဥ်ကျေးစွာ ငြင်းပယ်ခဲ့သော်လည်း ၎င်းမှာ အလုပ်မဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူက Weibo ရှိ relationship နေရာတွင် 'in a relationship' ဟု တင်လိုက်တော့သည်။

၎င်းက မလိုလားသည့် ဝန်ခံမှုများစွာကို ဟန့်တားရာ၌ များစွာအကူအညီဖြစ်ခဲ့သည်။ သို့သော် သူက သီးသန့်စာပို့စနစ်မှတဆင့် သူ၏ကောင်မလေးဖြစ်လိုသည့် ကမ်းလှမ်းချက်များစွာ ရရှိနေဆဲပင်ဖြစ်သည်။

ထို့ကြောင့် ရှန့်ယွီချောင်၏ အကြံပေးချက်အရ မော့တိက ရှန့်ယွီချောင်၏ ကြည့်ကောင်းသော ဓာတ်ပုံတစ်ပုံကို ရွေးချယ်ကာ 'ကျွန်တော့် ညီအစ်ကိုကောင်းအတွက် ကောင်မလေးရှာပေးနေပါတယ်..." ဟု ပုံနှင့်တွဲ၍တင်လိုက်လေသည်။

ထိုသို့တင်လိုက်သည်နှင့် မော့တိ၏ weibo က အေးချမ်းသည့်နေ့ရက်များသို့ ပြန်လည်ရောက်ရှိသွားကာ မည်သူကမှ သူ့ထံစာမပို့ကြတော့ချေ။

ရှန့်ယွီချောင် ၎င်းအမှန်တရားကို ရှာတွေ့သွားသည့်အခါ မျက်ရည်မကျပဲငိုလေတော့၏။

အား...ဘာလို့ငါ့အတွက် ကောင်မလေးရဖို့ ခက်ခဲနေရတာလဲ...မတရားဘူး...ငါ ခွဲစိတ်လိုက်ရင်ကောင်းမလား...

ချန်ကျောင်းနှင့် လင်ကျွင်းဖုန်က သဘောတကျရယ်မောလိုက်ကြ၏။

အဆင်ပြေပါတယ် ငါးဆားနယ်လေးရဲ့...ဖူးစာဆိုတာရှိသေးတယ်လေ...ဟားဟားဟား...

အိုင်း...ဖေဖေတောင် စင်ဂယ်ပဲရှိသေးတယ်...အလျဥ်မလိုပါနဲ့...ဟားဟား...

ရှန့်ယွီချောင် ပို၍ပင် ငိုတော့သည်။

မော့တိ သက်ပြင်းချလိုက်၏။ သူ့ကိုနှစ်သိမ့်ရန်အတွင် အသင်းတစ်ခုလုံးအား ရှန့်ယွီချောင် အကြိုက်ဆုံး အသားကင်လိုက်ကျွေးရန် ဆုံးဖြတ်လိုက်လေသည်။

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်Where stories live. Discover now