Part-93

584 59 1
                                    

Chapter 93

Sue Xing NwayApril 22, 2023

Chapter 93

ယခုအကြိမ်၌ ဒိုင်လူကြီးများအပြင် neitizens များသည်လည်း သူတို့အနှစ်သက်ဆုံးဂိမ်းအား မဲပေးနိုင်မှာဖြစ်ပြီး ၎င်းမဲအရေအတွက်မှာ မှတ်၏သုံးဆယ်ရာခိုင်နှုန်းအထိ သက်​ရောက်မှု ရှိမှာဖြစ်၏။

ဤတစ်ကြိမ်ပွဲစဥ်၏ နောက်ဆုံးရက်မှာ နိုဝင်ဘာ ၂၂ရက်နေ့ဖြစ်သည်။ ယနေ့မှစ၍ ၂၅ရက်ကြာတွင် ပွဲစဥ်အဆုံးသတ်မှာဖြစ်ကာ မဲပေးသည့်ရက်လည်း အပါအဝင်ဖြစ်၏။

“အချိန်တွေအများကြီးပဲ...” မော့တိက ပျော်ရွှင်စွာပြောလိုက်သည်။

အခြားတစ်ဖက်တွင် မုထျန်းဟန်သည်လည်း သူ့တွင် အချိန်ဘယ်လောက်မှ မကျန်ရှိတော့ကြောင်း တွေးနေလေသည်။

သူ့ကလေးလေး၏ ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့က ကျရောက်တော့မည်ဖြစ်ကာ သူ့အနေဖြင့် ​ပြီးပြည့်စုံသော အသက်ပြည့်ပွဲကို ကျင်းပပေးသင့်လေသည်။ သူက မည်သို့ဖွင့်ပြောရမည်မှန်း မစီစဥ်ရသေးသဖြင့် ဘေးကျပ်နံကျပ်ဖြစ်နေခဲ့၏။

ပါတီပွဲမှာပြောရမလား...ပြီးမှပြောရမလား...

ပါတီပွဲအတွင်း ဖွင့်ပြောလိုက်ခြင်းက တခမ်းတနားဆန်လှသော်လည်း လိုင်သယ်စစ်ထံမှ သားရဲအိုကြီးဟု ပြစ်တင်ခံရနိုင်သည်။ ပါတီပွဲပြီးမှဆိုပါက သီးသန့်ဆန်ပြီး စိတ်ကူးယဥ်ဆန်လှသော်လည်း ခမ်းခမ်းနားနားရှိမှာမဟုတ်ချေ။

ဟူး...နက်နဲလိုက်တာ...

......

မော့တိ၏ မွေးနေ့မှာ အောက်တိုဘာ၃၀ ရက် စနေနေ့ ဖြစ်သည်။ အလုပ်သမားအားလပ်ရက်မှာ သောကြာနေ့တွင် အဆုံးသတ်သွားပြီဖြစ်ရာ မော့တိက မနက်ပိုင်းအတန်းချိန် နှစ်ချိန်အတွက် ကျင်းသာ့သို့ပြန်ရမည်ဖြစ်၏။

ထို့ကြောင့် မုထျန်းဟန်အတွက် ခြံဝင်းနှင့် ဗီလာအား အလှဆင်ချိန် အလုံအလောက် ရသွားခဲ့လေသည်။

မော့တိ အဆောင်သို့ ပြန်ရောက်သောအခါ ရှန့်ယွီချောင်နှင့် အ​ခြားသူများက ရောင်စုံစက္ကူစလေးများကြဲကာ သူ့အတွက် ဂုဏ်ပြုပေးကြသည်။ သူတို့က သူ၏မွေးနေ့အား ကျင်းပရန်အတွက် အပြင်ဘက်တွင် ညစာလိုက်ကျွေးဖို့ တိုက်တွန်းကြ၏။

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်Where stories live. Discover now