Unicode
မိုးတွေရွာနေတာက သည်းကြီးမဲကြီး...
တစ်ချက်တစ်ချက် လျှပ်စီးနဲ့အတူ မိုးချိန်းသံကလည်း ကြီးစိုးနေလေသည်။
ပြတင်းပေါက် လိုက်ကာစကို အနည်းငယ်ဖယ်လိုက်ကာ ပြတင်းပေါက်ထက်ကနေ ခြံရှေ့ကို ကြည့်လိုက်သည်။
"ဒီတိုင်းဆို ကောင်လေးက နေမကောင်းဖြစ်သွားပါလိမ့်မယ် Taehyung ရဲ့။"
"အဲ့တာ သူ့ကိစ္စမဟုတ်ဘူးလား မာမီ...သူ့ကိုဘယ်သူမှ မိုးရေထဲမှာ ရပ်မနေခိုင်းဘူး...အလကား လူကိုသက်သက်မဲ့ စိတ်ဒုက္ခလာပေးနေတာ...။"
"အဲ့တာမင်းကြောင့်ဖြစ်နေတာလေ....သွား သွား ချော့မော့ပြီး ပြန်လွှတ်လိုက်..."
မာမီစကားအပေါ် Taehyung ဟာ စိတ်ရူပ်စွာဖြင့် ချက်ချင်း ငြင်းသည်။
"မာမီကကွာ... သူ့ဘာသာသူ ရပ်နေတာက ကျွန်တော့်ကြောင့်မှ မဟုတ်တာ...မသွားချင်ပါဘူး။"
မာမီက Taehyung ရဲ့ လက်မောင်းကို အသာရိုက်သည်။ မျက်မှောင်ကြုတ်ကာ ခြံရှေ့ကို ကြည့်နေတုံးပါဘဲ။
"ကဲပါ...သွားလိုက်ပါ ဒီလိုဂျစ်နေတာ မာမီမကြိုက်ဘူးနော်..."
"ကျစ်...တကယ်ပါဘဲ မာမီတို့က...ကျွန်တော်သူ့ကို ဘယ်လောက်ကြည့်မရဘူးလဲဆိုတာ မာမီမသိဘူး...လူကို သက်သက်ဒုက္ခလာပေးနေတာ"
နောက်ဆုံးတော့ ထီးတစ်လက်ဖြင့် ဆင်းလာကာ ခြံရှေ့သို့ ရောက်သွားတော့သည်။
Taehyung လာတာနဲ့ Jungkook ဟာ မျက်နှာချင်းဆိုင်မူလာလျက် မိုးရေတွေစိုရွှဲနေကာ တော်တော်ချမ်းနေမှန်း သိသာသည်။
"အကို..."
"မင်းပြန်တော့ Jungkook.."
"မပြန်ဘူး...အကိုကျွန်တော့်ကို..."
"ငါမင်းကိုပြောပြီးပြီလေ...ငါမင်းကိို မကြိုက်ဘူး မချစ်ဘူး...မင်းနားမလည်ဘူးလား...မင်းမှာဦးနှောက်မရှိဘူးလား...ငါ့အတွက် မင်းက နတ်ဆိုးတစ်ကောင်လိုဘဲ အချိန်တိုင်း စိတ်ဒုက္ခလိုက်ပေးနေတာ"
မိုးရေစက်တွေကကြောင့် မျက်ရည်တွေဟာ ပျောက်ရှနေစွာ။
နာကျင်ခြင်းစကားလုံးတွေဟာ ရင်ဘတ်ထဲကို ထိုးနှက်နေစဲ။ နှုတ်ခမ်းလှလှလေးဟာ နာကျင်အောင် သိပ်လုပ်တတ်တယ်။ သိပ်ပြောတတ်တယ်။