Part 6

4.3K 384 118
                                    

Unicode

မနက်မိုးလင်းတော့ ချမ်းစိမ့်စိမ့်ဖြစ်နေခြင်းကြောင့် စောင်လေးကို ပို၍ကွေးကွေးလေးခြုံလိုက်ပင်မဲ့ ညကဖြစ်ခဲ့သည့်အတွေးတွေကြောင့် အလောတကြီးအိပ်ရာထက်မှ ထရပ်လိုက်သည်။ 

သို့ပင်မဲ့ အခန်းထဲက ကုတင်ထက်တွင် အိပ်ရာက သေသပ်စွာ ခေါက်ထားလျက်ရှိနေပြီး Jeon Henry နိုးနေပြီဆိုတာ အတပ်သိလိုက်သည်။ ရေချိုးခန်းဘက်ကိုကြည့်လိုက်တော့ တံခါးက ဖွင့်လျက်ရှိနေကာ လူလည်းမရှိပေ။ 

မျက်နှာသစ်ရန်အတွက် ရေချိုးခန်းထဲသို့ ဝင်လိုက်သည့်အချိန်တွင် သွားတိုက်တံအသစ်အပိုတစ်ချောင်းကိုပါ ဘေစင်ပေါ်တွင် တင်ထားတာ တွေ့လိုက်ရသည်။ 

ထို့နောက် ဖောက်လိုက်ပြီး သွားတိုက်ဆေးညစ်ထည့်ကာ သွားတိုက်လျက် မျက်နှာသစ်သည်။ ထို့နောက် ရေချိုးခန်းထဲက ပြန်ထွက်လာပြန်တော့လည်း အခန်းထဲတွင် Jeon Henry ရဲ့ အရိပ်အယောင်ကို မတွေ့ရသေးပေ။ ဒါမှမဟုတ်ဒီအိမ်ထဲမှာ Taehyung ကိုထားသွားပြီလားဆိုသည့် အတွေးက ကယောက်ကယက်။

ညကတည်းက Taehyung ကိုဆွဲခေါ်သည့်အချိန်တွင်လည်း အိမ်ထဲမှာ မည်သူ့ကိုမျှ တွေ့ခဲ့ရသည်လည်း မဟုတ်သည်မို့ ဒီအိမ်ထဲမှာ တစ်ယောက်တည်းတော့ မနေခဲ့ချင်တာအမှန်ပင်။

အခန်းတံခါးကို ဖွင့်လိုက်တော့ လော့ချထားခြင်းမရှိသည်မို့ အသာလေးဖွင့်လိုက်ကာ အပြင်သို့ထွက်လိုက်သည်။ အိမ်ကြီးက အကြီးကြီးမို့ အခန်းတွေဟာလည်း ခပ်များများပင်။ လျှောက်လမ်းတစ်လျှောက် တိတ်နေသည့် အခန်းတွေကို ဖြတ်လာလိုက်ကာ လှေကားနားသို့ရောက်သွားသည်။ 

ခြေလှမ်းတွေကို အသံမထွက်စေရန်တိတ်တိတ်ကလေး ဆင်းလာတော့ ဆာလောင်နေသည့် ဗိုက်ကြောင့် ထမင်းစားခန်းလို့ထင်ရသည့်နေရာက အနံ့ကလေးကို ရလိုက်ပြီး ထိုနေရာသို့ သွားလိုက်သည်။ 

ထမင်းစားစားပွဲထက်တွင် စားစရာတွေက ပူပူနွေးနွေးရှိလျက် အခုမှပြင်ဆင်ထားသလိုပင်။

"ဒါတွေက Jeon Henry လုပ်ထားတာလား...ထူးဆန်းလိုက်တာ"

ခပ်တိုးတိုးငြီးလျက် ပြောသည်။ နွားနို့ခွက်ကလေးကို ကောက်ယူလိုက်ကာ နှုတ်ခမ်းနားမတေ့ခင် အတွေးတွေဖြင့်။

Hate YouWhere stories live. Discover now