Part 17

5.6K 388 41
                                    

This section is about sex...you can skip it

Unicode

မိုးတွေက သည်းထန်စွာ ရွာသွန်းနေသည့်ကြားတွင်။ မြေကြီးပေါ်တွင် ဝတ်စလစ်ဖြစ်နေလျက် Jeon Henry ရဲ့ ထိုအင်္ကျီအကွက်စိမ်းလေးတစ်ထည်ကိုသာ ဝတ်ထားမိလျက် မြေကြီးပေါ်တွင် မိုးရေရွံ့တွေကြား လူးလိမ့်လျက် ဖြစ်နေသည့် ခန္ဓာကိုယ်လေးကို Jeon Henry သည် ဆွဲထူလိုက်သည်။

ရုန်းနေပင်မဲ့ လုံးဝကတော့အတွန်းအကန်မဟုတ်ပေ။ လက်မောင်းသေးသေးလေးကို ဖျစ်ညစ်လျက် ဆုပ်ကိုင်ထားသည်။

မိုးရေစက်တွေနဲ့အတူရောပါနေသည့် မျက်ရည်စလေးတွေကို သုတ်ပေးမိရန်ပြင်မဲ့ Taehyung သည် ခေါင်းစောင်းကာဖြင့် Jeon Henry ကို ငြင်းဆန်သည်။

"မရုန်းစမ်းနဲ့..."

ခေါင်းလေးဟာ ငုံ့လျက် ပုခုံးလေးတွေဟာ တစ်သိမ့်သိမ့်တုန်ရီနေလျက် ရှိကာ ဝမ်းနည်းရှိုက်စွာဖြင့် ငိုသည်။ 

တစ်ကိုယ်လုံးတွင် Jeon Henry ရဲ့ ထိုအင်္ကျီတစ်ထည်တည်းသာ ဝတ်ထားရသည်မို့ ခန္ဓာကိုယ်ငယ်လေးတစ်ခုလုံးဟာလည်းလုံခြုံမှုမရှိစွာဖြင့်။ 

"လာခဲ့"

"လွှတ်...Jeon Henry  ငါနာတယ်လို့"

"ဒီကောင်က  မင်းကိုဘယ်လောက်တောင်စိတ်ဆိုးနေပြီး ဘယ်လောက်နာကျင်နေလည်းဆိုရင် မင်းမသိသလို မင်းရဲ့နာတယ်ဆိုတာက ကိုယ့်ရဲ့နာကျင်မှုကို မှီပါ့မလား...10 နှစ်နော် 10 နှစ်"

"မင်းလောက် အငြိုးထားတတ်တဲ့သူကို ငါမတွေ့ခဲ့ဖူးဘူး Jeon Henry... ငါက အခုပြန်ပေးဆပ်ရမယ်ဆိုတဲ့သဘောပေါ့ ဟုတ်တယ်မလား Jeon Henry"

"အဲ့သဘောထင်လား"

"အဲ့သဘောဘဲ မဟုတ်ဘူးလား Jeon Henry"

မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်လျက် Jeon Henry ရဲ့မျက်ဝန်းကို စိုက်ကြည့်ကာဖြင့် တုံ့ပြန်လိုက်သည်။ 

တစ်ကိုယ်လုံး ရွံ့တွေပေကျန်နေလျက်ရှိကာ Jeon Henry ဝတ်ပေးထားတဲ့ ထိုအင်္ကျီ တစ်ထည်သာ ကိုယ်ပေါ်တွင် ရှိနေသည်။ မိုးမိထားခြင်းကြောင့် ချမ်းစိမ့်ခြင်းတွေနဲ့အတူ မှေးဖျားလေးဟာလည်း တစ်ဆတ်ဆတ် တုန်ရီနေသေးသည်။

Hate You (Completed) Where stories live. Discover now